“ယူကရိန်းအရှေ့ပိုင်း အဓိကမြို့တစ်မြို့ကို ရုရှားတပ်များ ထိန်းချုပ်”

05 Jul

ရုရှားတပ်များအနေဖြင့် ယူကရိန်းအရှေ့ပိုင်း ကိုစတီယန်တီ နစ်ဗ်ကာမြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ရုရှားမီဒီယာများက သတင်းထုတ်ပြန်ခဲ့သည်ဟု RT သတင်းဌာနက ဖော်ပြထားသည်။ ကိုစတီယန်တီ နစ်ဗ်ကာမြို့ ထိန်းချုပ်နိုင်မှုကို ရုရှားစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဗယ်လာရီဂျီရာ ဆီမော့ဗ် က ရုရှားသမ္မတ ပူတင် ထံ ဇူလိုင်လ ၃ ရက်တွင် အသိပေးတင်ပြခဲ့သည်။ လက်ရှိတွင် ရုရှားတပ်များသည် ဒွန်းနက်စ်ဒေသတစ်ခုလုံး လွတ်မြောက်ရေးအတွက် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေကြောင်း ဗိုလ်ချုပ်ကြီး ဂျီရာဆီမော့ဗ် က ပြောကြားထားသည်။ ရုရှားတပ်များအနေဖြင့် ယူကရိန်းတပ်များ၏ အဓိကခံစစ်မြို့ဖြစ်သည့် ကိုစတီယန်တီ နစ်ဗ်ကာမြို့ကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း ရုရှားဗိုလ်ချုပ်ကြီး ဂျီရာဆီမော့ဗ် က ရုရှားသမ္မတ ပူတင် နှင့်တွေ့ဆုံစဉ် ထုတ်ဖော် ပြောကြားခဲ့သည်။ ရုရှားတပ်များသည် ယူကရိန်းစစ်ရေးပဋိပက္ခ ငါးနှစ်တာကာလအတွင်း ဝင်ရောက်လာချိန်တွင် ကိုစတီယန်တီ နစ်ဗ်ကာမြို့ကို ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ ကိုစတီယန်တီ နစ်ဗ်ကာမြို့ကို သိမ်းယူနိုင်ခဲ့မှုသည် စစ်ရေးမဟာဗျူဟာအရ အရေးကြီးသည်ဟု ရုရှားသမ္မတ ပူတင် က သုံးသပ်ပြောကြားထားကြောင်း သိရသည်။

05 Jul

ADVERTISE HERE .