“လူဝင်မှုဆန့်ကျင်ရေး ဆန္ဒပြပွဲများကြောင့် တပ်ဖွဲ့ဝင်ဦးရေ ၃,ဝဝဝ ကျော် တောင်အာဖရိက ဖြန့်ကြက်မည်”

05 Jul

လူဝင်မှုဆန့်ကျင်ရေး ဆန္ဒပြပွဲများအတွင်း ရဲတပ်ဖွဲ့ကို အကူအညီပေးရေးနှင့် လုံခြုံရေးမြှင့်တင်ရေးတို့ အတွက် တစ်နိုင်ငံလုံးအတိုင်းအတာအရ လက်နက်ကိုင်တပ်ဖွဲ့ဝင်ဦးရေ ၃,၀၀၀ ကျော် ဖြန့်ကြက်ရန် တောင်အာဖရိကအစိုးရက စီစဉ်ထားကြောင်း ဇူလိုင်လ ၃ ရက် သတင်းများတွင် ရေးသားတင်ပြခဲ့သည်ဟု RT သတင်းဌာနက ဖော်ပြထားသည်။ လူဝင်မှုဆန့်ကျင်ရေး ဆန္ဒပြပွဲများကို အပတ်စဉ်တိုင်းပြုလုပ်မည်ဖြစ်ကြောင်း ဆန္ဒပြပွဲစီစဉ်ထားသူများက ပြောကြားထားသည်။ ဇွန်လ ၃၀ ရက်တွင် တောင်အာဖရိကနိုင်ငံတစ်ဝန်း ဖြစ်ပွားခဲ့သော လူဝင်မှုဆန့်ကျင်ရေး ဆန္ဒပြပွဲများအတွင်း အကြမ်းဖက်မှုများ၊ လုယက်မှုများဖြစ်ပွားခဲ့သည်။ တောင်အာဖရိကနိုင်ငံအတွင်း ရောက်ရှိနေသော အထောက်အထားမဲ့ နိုင်ငံခြားသားများအရေးကို အစိုးရက ထိထိရောက်ရောက် ကိုင်တွယ်ချိန်ထိတိုင် အပတ်စဉ်ကြာသပတေးနေ့တိုင်း လူဝင်မှုဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း ဆန္ဒပြပွဲစီစဉ်သူများက ပြောကြားထားသည်။ အဆိုပါ ဆန္ဒပြပွဲများအတွင်း လုံခြုံရေးနှင့် ရဲတပ်ဖွဲ့ကို ကူညီရေးတို့အတွက် တောင်အာဖရိကတစ်နိုင်ငံလုံး အတိုင်းအတာအရ လက်နက်ကိုင်တပ်ဖွဲ့ဝင် ၃,၄၀၅ ဦးထိ ဖြန့်ကြက်ထားမည်ဖြစ်ကြောင်း တောင်အာဖရိကသမ္မတ ဆိုင်းရီးရာမာဖိုဆာ က လွှတ်တော်သို့ အသိပေးထားသည်။ ယခု ရက်သတ္တပတ်အတွင်းဖြစ်ပွားခဲ့သည့် လူဝင်မှုဆန့်ကျင်ရေး ဆန္ဒပြပွဲများအတွင်း အကြမ်းဖက်မှုများ ကျူးလွန်မှုဖြင့် တောင်အာဖရိကရဲတပ်ဖွဲ့က လူဦးရေ ၉၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

05 Jul

ADVERTISE HERE .