“ဥရောပသမဂ္ဂက စစ်ပုံပြုသည့်လမ်းကြောင်းသို့ ဝင်ရောက်နေပြီဟု ရုရှားဆို”

03 Jul

ဥရောပသမဂ္ဂအနေဖြင့်စစ်ပုံပြုသည့်လမ်းကြောင်းသို့ ဝင်ရောက်လာနေပြီဖြစ်ကြောင်းနှင့် ရုရှားနိုင်ငံနှင့် ထိပ်တိုက်ရင်ဆိုင်နိုင်ရေးအတွက် အလေးထားပြင်ဆင်လာနေကြောင်း ရုရှားသမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ က ဇူလိုင်လ ၂ ရက်တွင်ပြောသည်။ ဥရောပသမဂ္ဂသည် ၎င်းတို့၏ကာကွယ်ရေးအခြေအနေကို တိုးမြှင့်မှုများလုပ်ဆောင်နေခြင်းကို ရှင်းလင်းစွာမြင်နေရပြီး စစ်ပုံပြုလမ်းကြောင်းပုံစံသို့ တည့်တည့်ကြီး ဝင်လာ နေကြောင်း၊ ရုရှားနိုင်ငံနှင့်ထိပ်တိုက်တွေ့ရန်လည်း ပြင်ဆင်နေကြောင်း ပက်စကော့ က သတင်းထောက်များကို ပြောသည်။ ထို့ပြင် ဥရောပသမဂ္ဂက ဥရောပတိုက်အတွင်း တင်းမာမှုများမြင့်တက်လာအောင်လုပ်နေကြောင်း၊ ထို့ကြောင့် ရုရှားကလည်း ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်ရန် လုပ်ဆောင်နေရခြင်းဖြစ်ကြောင်း ပက်စကော့ က ဆက်လက်ပြောကြားခဲ့သည်ဟု Sputnik သတင်းဌာနဖော်ပြချက်အရ သိရသည်။

03 Jul

ADVERTISE HERE .