“အမိမြေသို့ ဟောင်ကောင်ပြန်လည်ရောက်ရှိခြင်း (၂၉)နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားများကို တရုတ်နိုင်ငံ ဟောင်ကောင်ဒေသ၌ ကျင်းပ”

03 Jul

အမိမြေသို့ ဟောင်ကောင်ပြန်လည်ရောက်ရှိခြင်း (၂၉)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနား များကို တရုတ်နိုင်ငံ ဟောင်ကောင်ဒေသတစ်ခွင်၌ တစ်ရက်တာကျင်းပခဲ့ကာ အလံတင်အခမ်းအနားများမှသည် မြင်းပြိုင်ပွဲများနှင့် ဒရုန်းဖြင့် သရုပ်ဖော်တင်ဆက်မှုများအထိ ပါဝင်ခဲ့ကြောင်း သိရသည်။ ဒေသစံတော်ချိန် နံနက် ၈ နာရီ၌ တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) အစိုးရက ဝမ်းကျိုင်ခရိုင်ရှိ ဂိုးလ်ဒင်း ဘာအူဟီနီယာရင်ပြင်၌ အလံတင်အခမ်းအနား ကျင်းပခဲ့ပြီးနောက် ဟောင်ကောင် ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာ၌ အထိမ်းအမှတ်အခမ်းအနားကျင်းပခဲ့ရာ နယ်ပယ်အသီးသီးမှ ဂုဏ်သရေရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။ အဆိုပါ အထိမ်းအမှတ်အခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် HKSAR အုပ်ချုပ်ရေးမှူး လီကျားချောင်း (ဂျွန်လီ)က လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ဟောင်ကောင်၏တိုးတက်မှုများကို ပြန်လည်သုံးသပ်ခဲ့ကာ ဟောင်ကောင်၏ စီးပွားရေးတိုးတက်မှုကို မြှင့်တင်ပြီး ဖွံ့ဖြိုးတိုးတက်မှုအကျိုးကျေးဇူးများကို ပြည်သူများ ပိုမို ကောင်းမွန်စွာ မျှဝေခံစားနိုင်စေရန် အထောက်အကူပေးသွားမည်ဟုလည်း ကတိပြုခဲ့သည်။ ဟောင်ကောင်ဒေသသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကြောင့် ဖြစ်ပေါ်လာသော အခွင့်အလမ်းများကို အမိအရ ဖမ်းဆုပ်ကာ တရုတ်ပြည်မကြီးနှင့်ရော ကမ္ဘာကြီးနှင့်ပါ ချိတ်ဆက်ဆောင်ရွက်ခြင်း၏ အကျိုးကျေးဇူးများကိုသာမက နိုင်ငံတကာအခွင့်အလမ်းများကိုလည်း ထိထိရောက်ရောက် အသုံးချမည်ဖြစ်ကြောင်း ၎င်းကပြောသည်။ ဟောင်ကောင်ဒေသ၏ ပထမဆုံး အာကာသယာဉ်မှူး လီကျားယဉ် က ထျန်းကုန်းအာကာသစခန်း၌ HKSAR ၏အလံကို လွှင့်ထူလျက် အဆိုပါအခမ်းအနားအား ဗီဒီယိုလင့်ခ်မှတစ်ဆင့် ပါဝင်ဆင်နွှဲခဲ့ကာ ၎င်း၏မွေးရပ်မြေအတွက် နွေးထွေးလှိုက်လှဲမှုအရှိဆုံး ဆုမွန်ကောင်းများကို ပို့သခဲ့သလို အမိနိုင်ငံကိုလည်း အလေးနက်ဆုံး ကျေးဇူးတင်စကားများ ပြောကြားခဲ့သည်။ HKSAR ရှိ ဗဟိုပြည်သူ့အစိုးရ ဆက်ဆံရေးရုံး၊ ဗဟိုပြည်သူ့အစိုးရ အမျိုးသားလုံခြုံရေး ကာကွယ် ထိန်းသိမ်းရေးဆိုင်ရာရုံးနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ကော်မရှင်နာရုံးတို့ကလည်း ဇူလိုင်လ ၁ ရက် နံနက်ပိုင်း တွင် အလံတင်အခမ်းအနားများ အသီးသီးကျင်းပခဲ့ကြသည်။ ထို့ပြင် ပညာရေးဆိုင်ရာအဖွဲ့အစည်းများနှင့် ဟောင်ကောင်ဒေသတစ်ခွင်ရှိ အခမ်းအနားကျင်းပရာ နေရာ အသီးသီး၌လည်း အလားတူအခမ်းအနားများ ကျင်းပခဲ့ကြောင်းသိရသည်။ ယမန်နှစ်တွင် ဖွင့်လှစ်ခဲ့သည့် ချီတယ် အားကစားဥယျာဉ်၌လည်း အလံတင်အခမ်းအနားနှင့်အတူ အားကစားဆိုင်ရာအစီအစဉ်များ ထည့်သွင်းကာ အထိမ်းအမှတ်အခမ်းအနားများနှင့် အားကစားလှုပ်ရှားမှုများကို ပေါင်းစပ်ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားများအပြင် ဟောင်ကောင်ဒေသတစ်ခွင်၌ ပျော်ပွဲရွှင်ပွဲ အခမ်းအနားများကို ခြိမ့်ခြိမ့်သဲကျင်းပခဲ့ကြောင်း သိရသည်။ ဗစ်တိုးရီးယားဆိပ်ကမ်း၌ ငါးဖမ်းရေယာဉ်များက စီတန်းလှည့်လည်၍ ခုတ်မောင်းသွားလာခဲ့ကြရာ ဒေသခံ များက ပျော်ပျော်ပါးပါး ကြိုဆိုနှုတ်ခွန်းဆက်၍ အမှတ်တရဓာတ်ပုံရိုက်ခဲ့ကြသည်။ ထို့အတူ ကျန်းရှားကျွေ ဆိပ်ခံ တံတား၌လည်း မျိုးချစ်စိတ်ထက်သန်စေသည့် တေးသီချင်းများဖြင့် သံပြိုင်သီဆိုဖျော်ဖြေခဲ့ရာ ပရိသတ်အများအပြား လာရောက်ကြည့်ရှုခဲ့ကြသည်။ (Repost from Xinhua)

03 Jul

ADVERTISE HERE .