“တရုတ်နိုင်ငံက ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းအောင် ဆက်လက်လုပ်ဆောင်မည်ဟု တရုတ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန ပြောကြား”

03 Jul

ကမ္ဘာ့အကြီးဆုံး ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို ကိုင်တွယ် ဖြေရှင်းရာတွင် ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းစေရန် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကာ အသိပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအလေးထားလုပ်ဆောင်သွားမည်ဟု တရုတ်နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ဇူလိုင်လ ၁ ရက်၌ ပြောကြားခဲ့သည်။ ကမ္ဘာ့ဘဏ်၏ တရုတ်နိုင်ငံဆိုင်ရာ နိုင်ငံအလိုက် မိတ်ဖက်ဆက်ဆံရေး မူဘောင်သစ်အရ တရုတ်နိုင်ငံနှင့် သက်ဆိုင်သည့် ချေးငွေအစီအမံများနှင့်စပ်လျဉ်း၍ မီဒီယာ၏မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် အဆိုပါ တာဝန်ရှိသူက တရုတ်နိုင်ငံအနေဖြင့် ပြည်တွင်း၌ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်အားပေးနေသည့် တစ်ချိန်တည်းတွင် ဘုံသာယာဝပြောမှုကို လက်တွေ့ဖော်ဆောင်လျက်ရှိသည့် ဖွံ့ဖြိုးဆဲနိုင်ငံများစွာကိုလည်း ထောက်ပံ့ကူညီသွားမည်ဟုဆိုသည်။ လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော်အတွင်း တရုတ်နိုင်ငံနှင့် ကမ္ဘာ့ဘဏ်တို့သည် အကျိုးဖြစ်ထွန်းသည့် ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ကာ ဘက်စုံမိတ်ဖက်ဆက်ဆံရေး အခိုင်အမာတည်ဆောက်နိုင်ခဲ့သဖြင့် တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်လှစ်မှုအတွက်သာမက ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ကြိုးပမ်းအားထုတ်မှုများအတွက် အပြုသဘောဆောင်သည့် အကျိုးပြုမှုများ ရရှိစေသည်ဟု ၎င်းတာဝန်ရှိသူက ပြောသည်။ “တရုတ်နိုင်ငံရဲ့ အင်အားဟာ ဘက်ပေါင်းစုံမှာ သိသိသာသာ ပိုမိုကြီးထွားလာတာနဲ့အမျှ တရုတ်နိုင်ငံအတွက် ကမ္ဘာ့ဘဏ်ရဲ့ ချေးငွေပမာဏဟာလည်း ပြီးခဲ့တဲ့နှစ်တွေမှာ တဖြည်းဖြည်းလျော့နည်းလာပါတယ်။ ဒါဟာ ပြည်တွင်း ဝယ်လိုအား ပြောင်းလဲလာမှုနဲ့ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု အသွင်ပြောင်းလဲလာခြင်းရဲ့ ဖြစ်ရိုးဖြစ်စဉ် ရလဒ်တစ်ခု ဖြစ်သလို ကမ္ဘာ့ဘဏ်နဲ့ အဖွဲ့ဝင်နိုင်ငံ အများအပြားကြားက ပူးပေါင်းဆောင်ရွက်မှုပုံစံ ဆင့်ကဲပြောင်းလဲလာတဲ့ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေနဲ့လည်း ကိုက်ညီပါတယ်” ဟု ၎င်းတာဝန်ရှိသူက ပြောသည်။ (Repost from Xinhua)

03 Jul

ADVERTISE HERE .