“အီရန်နှင့်အမေရိကန်တို့ လုပ်ငန်းပိုင်းဆိုင်ရာ ဆွေးနွေးမှုများစတင်”
02 Jul
အီရန်နှင့်အမေရိကန်မှ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့များက ကာတာနိုင်ငံ ဒိုဟာမြို့၌ ဇူလိုင်လ ၁ ရက်တွင် လုပ်ငန်းပိုင်းဆိုင်ရာဆွေးနွေးမှု စတင်ဆောင်ရွက်ကြောင်းသိရသည်။ သို့သော် နှစ်နိုင်ငံမှ တာဝန်ရှိသူများသည် မျက်နှာချင်းဆိုင် တိုက်ရိုက်ဆွေးနွေးမှု လုပ်ဆောင်ခြင်းမရှိဘဲ ကာတာနှင့် ပါကစ္စတန်တို့မှ တာဝန်ရှိသူများဖြင့် တစ်ဆင့်ခံဆွေးနွေးမှုလုပ်ခြင်း ဖြစ်သည်။ ထို့နောက် ဆွေးနွေးမှုများသည် အလွန်ကောင်းမွန်သည့် တိုးတက်မှုများ ရှိနေကြောင်း၊ ထိုဆွေးနွေးမှုများထဲတွင် အီရန်နိုင်ငံ၏ နျူကလီးယားကင်းစင်ရေးလည်း ပါဝင်နေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဇူလိုင်လ ၁ ရက် တွင်ပြောသည်။ အီရန်ဘက်ကမူ ယခုဆွေးနွေးမှုတွင် ၎င်းတို့အတွက် အဓိကဦးစားပေးကိစ္စများမှာ ဟော်မုရေလက်ကြား စီမံခန့်ခွဲရေးနှင့် ထိန်းချုပ်ခံထားရသည့် အီရန်နိုင်ငံ၏ ပိုင်ဆိုင်မှုဖြစ်သော ဒေါ်လာ ၆ ဘီလီယံကို ပြန်လည် လွှဲပြောင်းပေးရေးတို့ဖြစ်ကြောင်း ပြောထားသည်။ အီရန်နှင့် အမေရိကန်တို့က အချက် ၁၄ ချက်ပါနားလည်မှု စာချွန်လွှာအရ ယခုကဲ့သို့ဆွေးနွေးမှုများ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ST သတင်းဌာနဖော်ပြချက်အရ သိရသည်။