“အီရန်နှင့်အမေရိကန်တို့ကြား တိုက်ခိုက်မှုများဆက်လက်ဖြစ်ပွားနေ”

29 Jun

အီရန်နှင့်အမေရိကန်တို့ကြား မကြာသေးမီကမှ လက်မှတ်ထိုးထားသည့် နားလည်မှုစာချွန်လွှာပါ သဘောတူညီချက်များကို ချိုးဖောက်မှုများရှိနေသည်ဟု အပြန်အလှန်စွပ်စွဲထားစဉ် ထိုနှစ်နိုင်ငံကြား တိုက်ခိုက်မှု များ ဆက်လက်ဖြစ်ပွားနေကြောင်းသိရသည်။ အမေရိကန်စစ်ဘက်က ဇွန်လ ၂၇ ရက်တွင် အီရန်နိုင်ငံရှိပစ်မှတ် များကို လေကြောင်းမှတိုက်ခိုက်မှုများလုပ်ကာ အမေရိကန်အနေဖြင့် စစ်ရေးအရလုပ်စရာရှိသည်များကို ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်သွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်သည်။ ထရမ့်၏သတိပေးမှုထွက်ပေါ်လာပြီး မကြာမီ ဇွန်လ ၂၈ ရက်တွင် အီရန်စစ်ဘက်က ကူဝိတ်နိုင်ငံနှင့် ဘာရိန်းနိုင်ငံတို့ရှိ အမေရိကန်စစ်စခန်းများကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်မှုလုပ်ဆောင်ထားသည်။ နှစ်နိုင်ငံကြားလက်မှတ်ရေးထိုးထားသည့် အချက် ၁၄ ချက်ပါ နားလည်မှုစာချွန်လွှာတွင် တိုက်ခိုက်မှုများအားလုံး ကို ရပ်တန့်ရမည်ဖြစ်ပြီး အပြီးသတ်ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်နေစဉ်ရက် ၆၀ အတွင်း ဟော်မုဒ် ရေလက်ကြားကို ကုန်သွယ်သင်္ဘောများအားလုံးအတွက် ပြန်ဖွင့်ပေးရမည်ဖြစ်ကြောင်းပါရှိသည်ဟု ST သတင်းဌာန ဖော်ပြချက်အရ သိရသည်။

29 Jun

ADVERTISE HERE .