“ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုက မိမိနဲ့ ထိုက်တန်မှုမရှိကြောင်းပြောကြားခဲ့တဲ့ ဘယ်လင်ဂမ်”
25 Jun
အင်္ဂလန်အသင်းရဲ့ ကွင်းလယ်ကစားသမား ဘယ်လင်ဂမ် က ဂါနာအသင်းနဲ့ပွဲစဉ်မှာ ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုကို မိမိမရရှိသင့်ဘဲ ဂါနာကစားသမားတစ်ယောက်သာ ရရှိသင့်တယ်လို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ အင်္ဂလန်အသင်းနဲ့ ဂါနာအသင်းတို့ ဂိုးမရှိသရေကျခဲ့ပြီး အင်္ဂလန်အသင်းက တိုက်စစ် အခွင့်အရေးများစွာနဲ့ ဖိအားပေးကစားနိုင်ခဲ့တာကြောင့် ဘယ်လင်ဂမ် က အကောင်းဆုံးကစားသမားဆု ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ အင်္ဂလန်အသင်းက ခရိုအေးရှားကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရတဲ့ပွဲတုန်းကတော့ အကောင်းဆုံးကစားသမားဆုကို ၂ ဂိုးသွင်းခဲ့တဲ့ တိုက်စစ်မှူး ဟာရီကိန်း က ရရှိခဲ့ကြောင်း သိရပါတယ်။ (NVS 008)
25 Jun