“ဘရာဇီးလ်အသင်းနဲ့ ဝေးကွာခဲ့တဲ့ရက်ပေါင်း ၉၈၁ ရက်အထိ ရှိခဲ့တဲ့ နေမာ”
25 Jun
ဘရာဇီးလ်အသင်းအတွက် ပြန်လည်ကစားခွင့်ရခဲ့တဲ့ နေမာဟာ နိုင်ငံအသင်းနဲ့ ဝေးကွာခဲ့တဲ့ ရက်ပေါင်း ၉၈၁ ရက်အထိရှိခဲ့ပြီး နှစ်နှစ်နဲ့ ရှစ်လနီးပါး ကြာမြင့်ခဲ့ပါတယ်။ နေမာ အနေနဲ့ ဘရာဇီးလ်အသင်းအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စတုတ္ထအကြိမ်မြောက် ဆင်နွှဲခွင့်ရခဲ့ ပါတယ်။ နေမာ ဟာ ပွဲချိန် ၇၆ မိနစ်မှာ ကူညာ အစား လူစားဝင်ကစားပြီး ဘရာဇီးလ်အသင်းနဲ့ ပွဲကစားခွင့် ပြန်ရခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၇ ရက်မှာ ဥရုဂွေးနဲ့ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဒူးဒဏ်ရာရပြီးကတည်းက နေမာ ဟာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပါတယ်။ နေမာ လူစားဝင်ချိန်မှာတော့ ပရိသတ်များက အံ့အားသင့်စရာ ဂုဏ်ပြုခဲ့ကြပါတယ်။ ဘရာဇီးလ်အသင်းအတွက် ၇၉ ဂိုးနဲ့ ဂိုးအများဆုံးသွင်းထားတဲ့ နေမာ ဟာ ဝင်ကစားခွင့်ရတဲ့ ခဏတာအတွင်းမှာ သုံးကြိမ် ဖန်တီးပေးပြီး ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်၊ ဘောလုံးပေးပို့မှု ၁၃ ကြိမ်မှာ ၁၂ ကြိမ် အောင်မြင်ခဲ့ကာ Pass Accuracy ၉၂ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။ (NVS 008)