“ဂယ်ရီအိုနေးလ်ကို နည်းပြသစ်အဖြစ် ၃ နှစ်စာချုပ်နဲ့ ခန့်အပ်ခဲ့တဲ့ အစ်ဝစ်ချ်အသင်း”

25 Jun

ပရီးမီးယားလိဂ်တန်းတက်ကလပ် အစ်ဝစ်ချ်အသင်းဟာ စထရာဘိုးနည်းပြ ဂယ်ရီအိုနေးလ်ကို နည်းပြသစ် အဖြစ် ၃ နှစ်စာချုပ်နဲ့ ခန့်အပ်ခဲ့ကြောင်း သိရပါတယ်။ အစ်ဝစ်ချ်အသင်းကို ပရီးမီးယားလိဂ်ဆီ ပြန်လည် တန်းတက်ခွင့်ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြ မက်ကန်နာက မိသားစုအကြောင်းပြချက်နဲ့ လမ်းခွဲသွားခဲ့ တာကြောင့် အစ်ဝစ်ချ်အသင်းက ဂယ်ရီအိုနေးလ်ကို အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဂယ်ရီအိုနေးလ် က ဘုန်းမောက်နဲ့ ဝုလ်ဗ်အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး စထရာဘိုးအသင်းကို ၂၀၂၆ ဇန်နဝါရီမှာမှ စတင်ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။ စထရာဘိုးအသင်းကို ကွန်းဖရန့်လိဂ်ဆီမီးဖိုင်နယ် ပို့ဆောင်ပေး နိုင်တာကြောင့် အစ်ဝစ်ချ်အသင်းက မျက်စိကျခဲ့တာဖြစ်ပြီး အသင်းရဲ့ ၂၀ ဦးမြောက်နည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။ (NVS 008)

25 Jun

ADVERTISE HERE .