“ရာသီကြိုကာလမှာ ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ် ၅ ပွဲကို အတည်ပြုထုတ်ပြန်ခဲ့တဲ့ ချဲလ်ဆီးအသင်း”

25 Jun

ချဲလ်ဆီးအသင်းက လာမယ့်ရာသီကြိုကာလမှာ ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ် ၅ ပွဲကို အတည်ပြုထုတ်ပြန် လိုက်ပါတယ်။ ချဲလ်ဆီးအသင်းက သြစတြေးလျ၊ ဟောင်ကောင်၊ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတွေမှာ ခြေစမ်းပွဲတွေ ယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားတာဖြစ်ပြီး ရာသီကြိုခြေစမ်းပြိုင်ပွဲတစ်ခုလည်း ပါဝင်မယ်လို့ သိရပါတယ်။ အဲဒီပြိုင်ပွဲ သြစတြေးလျနိုင်ငံမှာ ဒုတိယအကြိမ်ကျင်းပမယ့် 2026 Sydney Super Cup ပြိုင်ပွဲဖြစ်ပြီး ချဲလ်ဆီး၊ စပါး၊ ဆစ်ဒနီ FC နဲ့ ဝက်စ်တန်းဆစ်ဒနီဝမ်းဒါးရားစ်အသင်းတို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းက ဝက်စ်တန်းဆစ်ဒနီ ဝမ်းဒါးရားစ်နဲ့ ဇူလိုင်လ ၂၈ ရက်၊ စပါးအသင်းနဲ့ သြဂုတ်လ ၁ ရက်မှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ကြောင်း သိရပါတယ်။ အဲဒီနောက် သြဂုတ်လ ၅ ရက်မှာ ဂျူဗင်တပ်စ်နဲ့ ဟောင်ကောင်မှာ ခြေစမ်းကစားမှာဖြစ်ပြီး သြဂုတ်လ ၈ ရက် အင်ဒိုနီးရှားမှာ အေစီမီလန်၊ သြဂုတ်လ ၉ ရက်တွင် မလေးရှားနိုင်ငံမှာ မလေးရှားစူပါလိဂ်ကလပ် Johor Darul Ta'Zim အသင်းနဲ့ ခြေစမ်းကစားမယ်လို့ သိရပါတယ်။ ချဲလ်ဆီးအသင်းက အလွန်ဆို ကို နည်းပြသစ်အဖြစ် ခန့်အပ်ထားပြီး ဇူလိုင်လ ၁ ရက်မှာ အသင်းနဲ့ စတင်ပူးပေါင်းမှာဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

25 Jun

ADVERTISE HERE .