“အမျိုးသားစာပေတစ်သက်တာဆုရှင် သတင်းစာဆရာကြီးနှင့် စာရေးဆရာကြီး တက္ကသိုလ်မြတ်သူ ကွယ်လွန်”

25 Jun

သမိုင်းမှတ်တမ်းများအပါအဝင် အဖိုးတန်စာပေလက်ရာများစွာကို ရေးသားခဲ့တဲ့ အမျိုးသားစာပေဆုရှင်၊ အမျိုးသားစာပေတစ်သက်တာဆုရှင်၊ စည်သူ၊ အလင်္ကာကျော်စွာ သတင်းစာဆရာကြီးနှင့် စာရေးဆရာကြီး တက္ကသိုလ်မြတ်သူ သည် ဇွန်လ ၂၄ ရက်ညနေပိုင်းမှာ ကွယ်လွန်သွားခဲ့ကြောင်း သိရပါတယ်။ သတင်းစာဆရာကြီးနှင့် စာရေးဆရာကြီး တက္ကသိုလ်မြတ်သူ က ကွယ်လွန်ချိန်တွင် အသက် ၉၄ နှစ်ရှိပြီ ဖြစ်ပြီး သတင်းစာပေ၊ သမိုင်းသုတေသနနှင့် စာပေလောကတွင် ထင်ရှားသော လက်ရာများစွာကို ဖန်တီးရေးသား ခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် လူငယ်မျိုးဆက်များကို စာပေတန်ဖိုးများနှင့် မှန်ကန်သော သမိုင်းမှတ်တမ်းများကို မျှဝေပေးရန် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ စာရေးဆရာကြီးတစ်ဦးအဖြစ်လည်း စာပေလောကမှ အသိအမှတ်ပြု ခံထားရသူ ဖြစ်ပါတယ်။ (NVS 004)

25 Jun

ADVERTISE HERE .