“ရန်ကုန်-မော်လမြိုင် DEMU ရထားအချိန်စာရင်းနှင့် လက်မှတ်ခနှုန်းထားများ ထုတ်ပြန်”
25 Jun
ရန်ကုန်-မော်လမြိုင် DEMU ရထားခရီးစဉ်၏ အချိန်စာရင်းနှင့် လက်မှတ်ခနှုန်းထားများကို ဇွန်လ ၂၄ ရက်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ထုတ်ပြန်ချက်အရ DEMU ရထားခရီးစဉ်အတွက် ပထမတန်း လက်မှတ်ခမှာ ၁၆,၀၀၀ ကျပ်ဖြစ်ပြီး အထက်တန်း လက်မှတ်ခမှာ ၂၂,၀၀၀ ကျပ် သတ်မှတ်ထားကြောင်း သိရပါတယ်။ ဒါ့အပြင် Air Bag/AAR လူစီးအမြန်ရထားခရီးစဉ်များအတွက် ရိုးရိုးတန်း လက်မှတ်ခကို ၇,၀၀၀ ကျပ်နှင့် ၈,၀၀၀ ကျပ် သတ်မှတ်ထားပြီး အထက်တန်း လက်မှတ်ခကို ၁၂,၀၀၀ ကျပ်နှင့် ၁၃,၀၀၀ ကျပ် အသီးသီး သတ်မှတ်ထားကြောင်း သိရပါတယ်။ ရထားလက်မှတ်များကို Online Railways Ticketing and Payment System (ORTP) မှတစ်ဆင့် ရောင်းချ ပေးသွားမည်ဖြစ်ပြီး အွန်လိုင်းစနစ်ဖြင့် ခရီးစဉ်မတိုင်မီ ၇ ရက်ကြိုတင် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ORTP စနစ်က လက်ရှိမှာ ရန်ကုန်-မန္တလေး-ရန်ကုန်နှင့် ရန်ကုန်-နေပြည်တော်-ရန်ကုန် DEMU ရထားခရီးစဉ်များ၏ လက်မှတ်များကို အွန်လိုင်းမှ ရောင်းချပေးလျက်ရှိပါတယ်။ (NVS 004)