“Agri-Tech Myanmar 2026 ပြပွဲမှာ ရာသီပေါ်သစ်သီးဝလံများကို အထူးဈေးနှုန်းဖြင့် ရောင်းချမည်”

25 Jun

ရန်ကုန်မြို့မှာကျင်းပမယ့် Agri-Tech Myanmar 2026 ပြပွဲမှာ ရာသီပေါ်သစ်သီးဝလံများကို အထူးဈေးနှုန်း နဲ့ ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းကနေ သိရပါတယ်။ အဆိုပါပြပွဲကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ ရန်ကုန်မြို့ရှိ YCC မှာ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းက အဓိကပံ့ပိုးကူညီသူ အဖြစ် ပါဝင်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ပြပွဲအတွင်း ပြည်တွင်းထွက် ရာသီပေါ်သစ်သီးဝလံများကို သက်သာသောဈေးနှုန်းများဖြင့် ဝယ်ယူနိုင်မှာ ဖြစ်တဲ့အပြင် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွဲ့စည်းထားတဲ့ အစုအဖွဲ့သစ်များကိုလည်း အထူးမိတ်ဆက်ပြသသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ မြန်မာငရုတ်သီးအစုအဖွဲ့၊ ဟင်းသီးဟင်းရွက်အစုအဖွဲ့နှင့် Organic Coffee အစုအဖွဲ့တို့ကိုလည်း ပြပွဲအတွင်း မိတ်ဆက်ပြသသွားမည်ဖြစ်ကာ လုပ်ငန်းချိတ်ဆက်မှုနှင့် ဈေးကွက်တိုးချဲ့နိုင်မည့် အခွင့်အလမ်းများကို ဖန်တီးပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံသို့ ပန်းသီး၊ ကီဝီသီးနှင့် ဘယ်ရီသီးများ တင်သွင်းလိုသည့် သစ်သီးသွင်းကုန် လုပ်ငန်းရှင် များကိုလည်း Agri-Tech Myanmar 2026 ပြပွဲသို့ ပါဝင်ပြသရန်နှင့် စီးပွားရေးချိတ်ဆက်မှုများ ပြုလုပ်ရန် ဖိတ်ခေါ်ထားကြောင်း သိရပါတယ်။ Agri-Tech Myanmar 2026 ပြပွဲက စိုက်ပျိုးရေးနည်းပညာများ၊ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍနှင့် စိုက်ပျိုးရေး အခြေပြု စီးပွားရေးလုပ်ငန်းများအကြား ချိတ်ဆက်မှုများ ပိုမိုခိုင်မာလာစေရန် ရည်ရွယ်ကျင်းပသည့် ပြပွဲတစ်ရပ် ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

25 Jun

ADVERTISE HERE .