“တန့်ယန်းမြို့မှာ အထူးကုဆရာဝန်ကြီးများက ဒေသခံပြည်သူများကို သွားနှင့်ခံတွင်းဆိုင်ရာကွင်းဆင်းကုသပေး”
25 Jun
သွားနှင့်ခံတွင်းအထူးကုဆေးရုံ(နေပြည်တော်)မှ အထူးကုဆရာဝန်ကြီးများအဖွဲ့နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)ကုသရေးဦးစီးဌာန၊ တန့်ယန်းမြို့နယ်ပြည်သူ့ဆေးရုံမှ ဆရာဝန်ကြီးများက ဒေသခံတိုင်းရင်းသား ပြည်သူများကို သွားနှင့်ခံတွင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသမှုများ ဆောင်ရွက်ပေးနေပါတယ်။ အဆိုပါဆောင်ရွက်ပေးမှုကို ဇွန်လ ၂၄ ရက်မှာစတင်ခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရ အဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုနဲ့ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ပါ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်တဲ့ ကွင်းဆင်း ကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ်အရ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့ ဒေသခံပြည်သူများကို သွားနှင့်ခံတွင်းကျန်းမာရေး စစ်ဆေး ပေးခြင်း၊ ကုသပေးခြင်းနှင့် သက်ကြီးရွယ်အိုများအတွက် သွားတု(အံကပ်)များ ပြုလုပ်တပ်ဆင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်သူစုစုပေါင်း ၂၀၀ ဦးခန့်ကို ကုသပေးသွားမည်ဖြစ်ကာ ဇွန်လ ၂၆ ရက်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)