“ဟုမ္မလင်းမြို့မှာ ရေကြီးရေလျှံမှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးဆောင်ရွက်”
25 Jun
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်မှာ ရေကြီးရေလျှံမှုအန္တရာယ်မှ ကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၂၄ ရက်နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပြီး ရေကြီးရေလျှံမှု ဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဥ်များနှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာက ဆောင်ရွက်ရန်လုပ်ငန်းစဥ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။ ဟုမ္မလင်းမြို့ရှိ ချင်းတွင်းမြစ်ရေဟာ မိုးလေဝသနှင့်ဇလဗေဒ၏ ဇွန်လ ၂၄ ရက်မွန်းလွဲ ၂ နာရီထုတ်ပြန်ချက် အရ မြို့၏စိုးရိမ်ရေမှတ်အောက် ၂ ပေခွဲကျော်မှာ ရောက်ရှိနေရာမှ လာမည့် ၃၆ နာရီအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရပါတယ်။ ဒါကြောင့် ဟုမ္မလင်းမြို့နယ်ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုကြရန် နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားကြရန် မိုးဇလကသတိပေးနှိုးဆော်ခဲ့ကြောင်း သိရပါတယ်။ (NVS 004)