အမေရိကန်က အီရန်အပေါ်ပိတ်ဆို့မှုများကို ရက် ၆၀ ဖြေလျှော့ပေးမှုစတင်
24 Jun
အမေရိကန်က အီရန်အပေါ် ချမှတ်ထားသည့်ပိတ်ဆို့မှုများကို ရက်ပေါင်း ၆၀ ကြာဖြေလျှော့ပေး မှု စတင် လိုက်ပြီဖြစ်ကြောင်းသိရသည်။ နှစ်နိုင်ငံကြား ငြိမ်းချမ်းရေးအတွက် နားလည်မှုစာချွန်လွှာကို လက်မှတ်ထိုးပြီး နောက် ထိုစာချွန်လွှာတွင်ပါသည့် သဘောတူညီချက် တစ်ခုအဖြစ် အဆိုပါဖြေလျှော့မှုကိုပေးခြင်းဖြစ်သည်။ ထို့ပြင် အမေရိကန်က အီရန်ကို စီးပွားရေးအရအထောက်အပံ့ဖြစ်စေမည့် ကင်းလွတ်ခွင့်တစ်ခုကိုပါ တစ်ပါတည်းပေးခြင်း ဖြစ်သည်။ အဆိုပါကင်းလွတ်ခွင့်မှာ အီရန်က ဩဂုတ်လ ၂၁ ရက်အထိ ၎င်းတို့၏ ရေနံနှင့် ရေနံထွက်ကုန်များကို ကမ္ဘာတစ်ဝန်းသို့ ရောင်းချခွင့်နှင့် ထိုမှရရှိသောအကျိုးအမြတ်များကိုရယူခွင့်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အီရန်က သဘောတူညီချက်ပါအချက်များ ကိုတိကျစွာမလိုက်နာလျှင် အမေရိကန် အနေဖြင့် လုပ်ဆောင်သင့်သည်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သတိပေးထားသည်ဟု ST သတင်းဌာနဖော်ပြချက်အရ သိရသည်။