“နော်ဝေအသင်းရဲ့ ကမ္ဘာ့ဖလားဂိုးအများဆုံးဖြစ်လာတဲ့ ဟာလန်း”

23 Jun

နော်ဝေတိုက်စစ်မှူး ဟာလန်း ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ နှစ်ပွဲသာ ကစားရသေးပေမယ့် နော်ဝေလက်ရွေးစင်အသင်းရဲ့ ကမ္ဘာ့ဖလားသမိုင်းမှာ ဂိုးအများဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။ ဟာလန်း ဟာ အဖွင့်ပွဲမှာကတည်းက ယခင်အများဆုံး ရက်ဒယ်လ် ရဲ့ နှစ်ဂိုးကို လိုက်မီခဲ့ပြီး ယခု ဆီနီဂေါအသင်းနဲ့ပွဲစဉ်မှာ နှစ်ဂိုးထပ်သွင်းလို့ ဂိုးအများဆုံးအဖြစ် မှတ်တမ်းသစ် ရေးထိုးခဲ့ပါတယ်။ ဟာလန် ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာ ပွဲဦးထွက်နှစ်ပွဲဆက် နှစ်ဂိုးနဲ့အထက် သွင်းယူနိုင်တဲ့ ဆဋ္ဌမမြောက်ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။ နောက်ဆုံး နှစ် ၅၀ အတွင်းမှာတော့ ၂၀၁၈ ကမ္ဘာ့ဖလားက ဟာရီကိန်းပြီးတဲ့နောက် ဒုတိယမြောက် ဖြစ်ခဲ့တယ်။ ဟာလန်း အနေနဲ့ နော်ဝေအသင်းအတွက် ကစားခဲ့တဲ့ ပြိုင်ပွဲပွဲစဉ် ၁၂ ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ပွဲပွဲစဉ် နောက်ဆုံးခြောက်ပွဲမှာလည်း အနည်းဆုံး နှစ်ဂိုးအထက် သွင်းခဲ့ပါတယ်။ ဟာလန်း ဟာ နော်ဝေအသင်းအတွက် ၅၂ ပွဲကစား ၅၉ ဂိုးသွင်းထားပြီး အသင်းကိုလည်း ရှုံးထွက် ၃၂ သင်းအဆင့်ဆီ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ (NVS 008)

23 Jun

ADVERTISE HERE .