“တနင်္သာရီတိုင်းဒေသကြီး ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၈၇ ဒသမ ၉၇၁ သန်းရရှိခဲ့”

23 Jun

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် တနင်္သာရီတိုင်းဒေသကြီး၏ ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၈၇ ဒသမ ၉၇၁ သန်းရရှိခဲ့ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရပါတယ်။ လက်ရှိတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း ရေလုပ်ငန်းဆိုင်ရာနှင့် ရေထွက်ပစ္စည်းထုတ်လုပ်မှု ပိုမိုဖွံ့ဖြိုးလာစေရန်၊ ရေထွက်ကုန် တိုးမြှင့်ထုတ်လုပ်နိုင်ရန်၊ ဒေသအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရှာဖွေပေးနိုင်ရန်၊ ရေလုပ်သားနှင့် မိသားစု ဝင်များ၏ လူမှုဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိနေပါတယ်။ တနင်္သာရီတိုင်းဒေသကြီးမှ ရေထွက်ကုန်များကို ပြည်ပသို့တင်ပို့ရာတွင် ကုန်ကြမ်းတင်ပို့မှုမှ တန်ဖိုးမြှင့်ထုတ် ကုန်အဖြစ် ထုတ်လုပ်တင်ပို့ခြင်း၊ လေကြောင်းနဲ့တိုက်ရိုက်တင်ပို့ခြင်းစတဲ့ နည်းစနစ်ပိုင်းဆိုင်ရာများဖြင့် ပိုမိုတင်ပို့ နိုင်ပါက နိုင်ငံစီးပွားဖွံ့ဖြိုးမှုကို အထောက်အပံ့များစွာရရှိနိုင်ကြောင်းသိရပါတယ်။ (NVS-004)

23 Jun

ADVERTISE HERE .