“Agri-Tech Myanmar 2026 ပြပွဲ၌ ရာသီပေါ်သစ်သီးဝလံများ ရောင်းချမည်”
23 Jun
ရန်ကုန်မြို့၌ ကျင်းပမည့် Agri-Tech Myanmar 2026 ပြပွဲ၌ ရာသီပေါ်သစ်သီးဝလံများကို အထူးဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ သိရပါတယ်။ အဆိုပါပြပွဲကို မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူ များအသင်းက အဓိကပံ့ပိုးကူညီသူအဖြစ် ပါဝင်သွားမှာဖြစ်ပြီး ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ ရန်ကုန်မြို့ရှိ YCC တွင် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ပြပွဲ၌ အစုအဖွဲ့သစ်များအား အထူးမိတ်ဆက်ခြင်းအနေနဲ့ ကဏ္ဍအလိုက် ပိုမိုအားကောင်းလာစေရန် မြန်မာ ငရုတ်သီးအစုအဖွဲ့၊ ဟင်းသီးဟင်းရွက်အစုအဖွဲ့နှင့် Organic Coffee တို့ကိုလည်း အထူးမိတ်ဆက်ပြသွားမှာဖြစ်ပြီး လုပ်ငန်းချိတ်ဆက်မှုများ လာရောက်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Agri-Tech Myanmar 2026 ပြပွဲသို့ မြန်မာနိုင်ငံအတွင်းသို့ ပန်းသီး၊ ကီဝီသီးနှင့် ဘယ်ရီသီး တို့ကို တင်သွင်းလိုသည့် သစ်သီးသွင်းကုန်လုပ်ငန်းရှင်များကိုလည်း လာရောက်ချိတ်ဆက်ပြသရန် ဖိတ်ခေါ်ထားကြောင်း သိရပါတယ်။ (NVS-004)