“၂၀၂၆ ကမ္ဘာ့ဖလားမှာ အသင်းသစ် ၄ သင်းစလုံး ဂိုးသွင်းနိုင်ခဲ့”
23 Jun
၂၀၂၆ ကမ္ဘာ့ဖလားမှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရရှိလာကြတဲ့ အသင်းသစ် ၄ သင်း စလုံး ဂိုးသွင်းနိုင်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ ပထမဆုံးယှဉ်ပြိုင်ခွင့်ရရှိခဲ့တဲ့အသင်းတွေကတော့ ကူရာဆာ၊ ဂျော်ဒန်၊ ဥဇဘက်ကစ္စတန်နဲ့ ကိတ်ဗာဒီ တို့ ဖြစ်ပါတယ်။ ကူရာဆာ က အုပ်စုအဖွင့်ပွဲမှာ ဂျာမနီကို ဂိုးပြတ်ရှုံးခဲ့ပေမယ့် တစ်ဂိုးပြန်သွင်းယူ နိုင်တာကြောင့် ကမ္ဘာ့ဖလားပထမဆုံးဂိုးကို ပထမဆုံးပွဲမှာပဲ သွင်းယူနိုင်ခဲ့ပါတယ်။ ဂျော်ဒန်အသင်းကလည်း အုပ်စု အဖွင့်ပွဲမှာပဲ သြစတြီးယားအသင်းကို တစ်ဂိုးပြန်သွင်းနိုင်ခဲ့ပြီး ဥဇဘက်ကစ္စတန်အသင်းကလည်း အုပ်စုအဖွင့်ပွဲမှာ ကိုလံဘီယာအသင်းကို တစ်ဂိုးပြန်သွင်းနိုင်ခဲ့ပါတယ်။ အုပ်စုအဖွင့်ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ကမ္ဘာ့ဖလားအသင်းသစ် ၃ သင်းစလုံး ရှုံးပွဲကြုံတွေ့ခဲ့ရပေမယ့် အုပ်စုဒုတိယ ပွဲမှာမှ ဂိုးသွင်းနိုင်ခဲ့တဲ့ ကိတ်ဗာဒီအသင်းကတော့ နှစ်ပွဲကစားပြီးချိန်အထိ ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားနိုင်ပါတယ်။ ဒါကြောင့် ကိတ်ဗာဒီအသင်းက ကမ္ဘာ့ဖလားအသင်းသစ်တွေထဲမှာ အမှတ်ရယူနိုင်တဲ့ ပထမဆုံးအသင်းအဖြစ်လည်း မှတ်တမ်းဝင်နေပါတယ်။ ဒါ့အပြင် နောက်ဆုံးပွဲမှာ ဆော်ဒီအာရေဗျနဲ့ ရင်ဆိုင်ရမှာဖြစ်တာကြောင့် ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့လည်း မျှော်လင့်ချက်ရှိနေပါတယ်။ (NVS 008)