“ကာတစ်ဂျုံးစ်အတွက် အင်တာမီလန်အသင်း ရဲ့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့တဲ့ လီဗာပူးလ်အသင်း”
23 Jun
လီဗာပူးလ်အသင်းဟာ အင်္ဂလန်ကွင်းလယ်ကစားသမား ကာတစ်ဂျုံးစ် အတွက် အင်တာမီလန်အသင်းရဲ့ ယူရို ၂၅ သန်းနဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း သိရပါတယ်။ ကာတစ်ဂျုံးစ် က လီဗာပူးလ်အသင်းရဲ့ အကယ်ဒမီထွက်ကစားသမားဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၂၂၈ ပွဲ ကစားထားပေမယ့် ပုံမှန်ပွဲထွက်ခွင့် မရရှိပါဘူး။ ဒါကြောင့် စာချုပ်သက်တမ်းတိုးနိုင်ခြင်းမရှိဘဲ သက်တမ်းကုန်ဖို့ တစ်နှစ်သာ ကျန်ရှိတော့တဲ့ အခြေအနေကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဒါပေမယ့် လီဗာပူးလ်အသင်းက ကာတစ်ဂျုံးစ် အတွက် ပြောင်းရွှေ့ကြေးကို ပေါင် ၃၅ သန်းရရှိဖို့ လိုလားနေတာကြောင့် အင်တာမီလန်အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ အင်တာမီလန်အသင်းက ကာတစ်ဂျုံးစ်ကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မှာ ကမ်းလှမ်းခဲ့ဖူးပြီး ဦးစွာအငှားနဲ့ခေါ်ယူပြီးမှ အပြီးသတ် စာချုပ်ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ကာတစ်ဂျုံးစ်ရဲ့ အေးဂျင့်ကတော့ လီဗာပူးလ်အသင်းက ထွက်ခွာနိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်နေကြောင်း သိရပါတယ်။ (NVS 008)