“ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံးနိုင်ပွဲ ရယူနိုင်ခဲ့တဲ့ အီဂျစ်အသင်း”

23 Jun

အီဂျစ်အသင်းဟာ (၄)ကြိမ်မြောက် ယှဉ်ပြိုင်ကစားတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာမှ ပထမဆုံးနိုင်ပွဲ ရယူနိုင်ခဲ့ကြောင်း သိရပါတယ်။ အီဂျစ်အသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၁၉၃၄၊ ၁၉၉၀၊ ၂၀၁၈ နဲ့ အခု ၂၀၂၆ ပြိုင်ပွဲ ၄ ကြိမ်သာ ယှဉ်ပြိုင်ခဲ့ဖူးပြီး ယခင်ပြိုင်ပွဲ ၃ ကြိမ်မှာ နိုင်ပွဲမရခဲ့ပါဘူး။ ၁၉၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၁၆ သင်းအဆင့်မှ ကစားရတာကြောင့် ရှုံးပွဲတစ်ပွဲနဲ့ ပြိုင်ပွဲက ထွက်ခဲ့ရပြီး ၁၉၉၀ ကမ္ဘာ့ဖလားမှာ ၂ ပွဲသရေ၊ ၁ ပွဲရှုံး၊ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ၃ ပွဲမှာ ၃ ပွဲလုံး ရှုံးနိမ့်ခဲ့ပါတယ်။ ယခု ၂၀၂၆ ကမ္ဘာ့ဖလားမှာလည်း အုပ်စုအဖွင့်ပွဲမှာ ဘယ်လ်ဂျီယံအသင်းနဲ့ သရေကျခဲ့ပြီး အုပ်စု ဒုတိယပွဲစဉ်အဖြစ်ယှဉ်ပြိုင်တဲ့ ပွဲစဉ်မှာ နယူးဇီလန်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အီဂျစ်အသင်းအနေနဲ့ ကမ္ဘာ့ဖလားယှဉ်ပြိုင်မှု ၉ ပွဲမြောက်မှာမှ ပထမဆုံးနိုင်ပွဲ ရယူနိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိပြိုင်ပွဲမှာ နှစ်ပွဲကစားအပြီး ၄ မှတ်ရရှိထားတာကြောင့် ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ အခြေအနေကောင်းနေပါတယ်။ (NVS 008)

23 Jun

ADVERTISE HERE .