“ဆာကာ လေ့ကျင့်မှုအပြည့် ပြန်လုပ်နိုင်ပြီဖြစ်ပေမယ့် အုပ်စုနောက်ဆုံးပွဲမတိုင်ခင် ပွဲထွက်ခွင့်မရနိုင်သေး”
23 Jun
အင်္ဂလန်အသင်းရဲ့ တိုက်စစ်ကစားသမား ဆာကာ ဟာ အသင်းနဲ့အတူ လေ့ကျင့်မှုအပြည့် ပြန်လည် လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရပါတယ်။ ဆာကာ ဟာ ခြေဖနောင့်ဒဏ်ရာရရှိနေတာကြောင့် ခရိုအေးရှားအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ အုပ်စုအဖွင့်ပွဲမှာ လူစားဝင်ကစားသမားအဖြစ်သာ မိနစ် ၂၀ ဝန်းကျင် ကစားခဲ့ရပါတယ်။ ဆာကာ အနေနဲ့ လေ့ကျင့်ခန်းအစီအစဉ် အစမှာ လေ့ကျင့်မှုအပြည့် မလုပ်နိုင်ခဲ့ပေမယ့် တနင်္ဂနွေနေ့မှာတော့ လေ့ကျင့်မှုအပြည့် ပြန်လုပ်နိုင်ခဲ့ဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် ဂါနာ နဲ့ ယှဉ်ပြိုင်ရမယ့်ပွဲမှာ ပွဲထွက်ခွင့်ရလာနိုင်ကြောင်း ထင်ကြေးပေးမှုတွေ ရှိလာခဲ့ပေမယ့် နည်းပြ တူချဲယ် ကတော့ ပနားမားနဲ့ ယှဉ်ပြိုင်ရမယ့် အုပ်စုနောက်ဆုံးပွဲမှသာ ပွဲထွက်ကစားစေဖို့ ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါတယ်။ ဆာကာဟာ ခရိုအေးရှားနဲ့ပွဲမှာ လူစားဝင်ကစားသမားအဖြစ်သာ ကစားခဲ့ရပေမဲ့ ရပ်ရှ်ဖို့ဒ် သွင်းယူခဲ့တဲ့ စတုတ္ထဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ (NVS 008)