“ကမ္ဘာ့ဖလား ၆ ပွဲ ဆက်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဟက်ထရစ်သွင်းဂိုးယူမှုနဲ့လွဲချော်ခဲ့တဲ့ မက်ဆီ”

23 Jun

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီ က ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာ အကြီးမားဆုံး မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ပါတယ်။ သြစတြီးယားအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အာဂျင်တီနားအသင်းအတွက် အနိုင်ဂိုးနှစ်ဂိုးကို မက်ဆီ က သွင်းယူပေးနိုင်ခဲ့တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ခြောက်ပွဲဆက်သွင်းဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးအများဆုံး သွင်းယူသူအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဇွန်လ ၂၄ ရက်မှာ ၃၉ နှစ်ပြည့်တော့မယ့် မက်ဆီ ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြောက်ကြိမ်မှာ စုစုပေါင်း ၁၈ ဂိုးအထိသွင်းယူထားပြီး ကလိုဆေး ရဲ့ သွင်းဂိုး ၁၆ ဂိုး ကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ မက်ဆီအနေနဲ့ ယခုကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းရရှိတဲ့ ၅ ဂိုးစလုံးကို သွင်းယူပေးထားခြင်း ဖြစ်ပါတယ်။ မက်ဆီ ဟာ ပယ်နယ်တီကန်ခွင့်ရခဲ့ပေမယ့် ဂိုးပေါက်လွဲချော်ခဲ့တာကြောင့် နှစ်ပွဲဆက် ဟက်ထရစ်သွင်းယူနိုင်မှုနဲ့ လွဲချော်ခဲ့ ပါတယ်။ မက်ဆီ ဟာ နိုင်ငံလက်ရွေးစင်ကစားသမားဘဝမှာ ဟက်ထရစ် ၁၁ ကြိမ်ရထားပြီး ကမ္ဘာ့ဖလားမှာတော့ ပထမဆုံး ဖြစ်ခဲ့ပါတယ်။ (NVS 008)

23 Jun

ADVERTISE HERE .