“မြန်မာ-ကိုရီးယားချစ်ကြည်ရေးတံတား(ဒလ)ကို ည ၁၂ နာရီအထိ အချိန်ထပ်တိုးသုံးစွဲခွင့်ပြု”

23 Jun

မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတား(ဒလ) ဖြတ်သန်းသွားလာခွင့်ကို မူလသတ်မှတ်ထားတဲ့ ည ၁၀ နာရီအစား ည ၁၂ နာရီအထိ အချိန်ထပ်တိုးသုံးစွဲခွင့်ပြုမည် ဖြစ်ကြောင်း သိရပါတယ်။ ဇွန်လ ၂၂ ရက်မှာ ကျင်းပတဲ့ တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဌမနေ့မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာ မျိုးသော် က ပြောကြားခြင်း ဖြစ်ပါတယ်။ အခုလိုပြောကြားမှုက ဒလမြို့နယ် ကိုယ်စားလှယ်အမှတ် (၁) ဒေါ်ဆွေဆွေဝင်းက ရန်ကုန်-ဒလ ကိုရီးယားချစ်ကြည်ရေးတံတားကို ည ၁၂ နာရီအချိန်အထိ ထပ်တိုးသုံးစွဲ ခွင့်ပြုပါရန် အစီအစဉ်ရှိ မရှိ မေးခွန်းနှင့်ပတ်သက်၍ ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းလည်း ဖြစ်ပါတယ်။ အခုလိုပြောကြားမှုအရ ရန်ကုန်-ဒလ ကိုရီးယားချစ်ကြည်ရေးတံတား လုံခြုံရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့များ၏ သဘောထားများအရ နယ်မြေခံရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး လုံခြုံရေးစနစ်တကျဆောင်ရွက် ပေးလျက်ရှိနေပါတယ်။ ဒါကြောင့် ည ၁၂ နာရီအချိန်အထိ ထပ်တိုးသုံးစွဲဖြတ်သန်းခွင့်ကို ခွင့်ပြုပေးနိုင်ပါကြောင်း လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာ မျိုးသော် က ပြောကြားထားခြင်း ဖြစ်ပါတယ်။ (NVS 004)

23 Jun

ADVERTISE HERE .