“ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်မှာ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ”

23 Jun

မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်နှင့် ရန်ကုန်အနောက်ပိုင်း နည်းပညာ တက္ကသိုလ်တို့ ပူးပေါင်း၍ "မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်" ကို ဇွန်လ ၂၁ ရက်နံနက်ပိုင်းက ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်မှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ အဆိုပါမိုးရာသီသစ်ပင်စိုက်ပျိုးပွဲမှာ မန်ဂျန်ရှား ၁၀၀ ပင်၊ ပျဉ်းမ ၁၅၀ ပင်၊ မယ်ဇယ် ၁၀၀ ပင်၊ မဟော်ဂနီ ၂၀၀ ပင်၊ ကျွန်း ၂၀၀ ပင်၊ ကံ့ကော် ၂၀၀ ပင်၊ ထိုင်ဝမ်ဗေဒါ ၁၇၄ ပင်၊ ခရေ ၁၀၀ ပင်နှင့် စိန်ပန်း ၁၅၀ ပင် စုစုပေါင်း ၁,၃၇၄ ပင် ကိုစိုက်ပျိုးခဲ့ကြပါတယ်။ ၎င်းအခမ်းအနားသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တာဝန်ရှိသူများတက်ရောက်၍ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် ပါမောက္ခချုပ်၊ ကျောင်းသား/သူ များနှင့်အတူ သစ်ပင်များကိုစိုက်ပျိုးပေးခဲ့ကြပါတယ်။ (NVS 004)

23 Jun

ADVERTISE HERE .