“၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ဇွန်လ ၂၇ ရက် နံနက် ၄ နာရီမှာ ထုတ်ပြန်မည်”
23 Jun
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးတက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်းများကို လာမည့် ဇွန်လ ၂၇ ရက် နံနက် ၄ နာရီအချိန်မှာ ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကနေ သိရပါတယ်။ ကျောင်းသား/သူများအနေနဲ့ အောင်စာရင်းထုတ်ပြန်မည့်အချိန်တွင် result.dme.gov.mm ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကာ မိမိတို့၏ခုံအမှတ်များကို ရိုက်ထည့်၍ အလွယ်တကူ စစ်ဆေးကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် အောင်စာရင်းများကို အဆိုပါတရားဝင်ဝက်ဘ်ဆိုက်မှသာ ထုတ်ပြန်ကြေညာမည်ဖြစ်ပြီး မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနအနေနဲ့ မည်သည့် Application ကိုမျှ ထုတ်ဝေထားခြင်းမရှိကြောင်း သတိပေးထားပါတယ်။ ဒါကြောင့် အောင်စာရင်းစစ်ဆေးလိုသူများအနေနဲ့ တရားဝင်ဝက်ဘ်ဆိုက်မှသာ ဝင်ရောက်ကြည့်ရှုကြရန်နှင့် အတုအယောင် Application များ၊ Link များအား သတိပြုကြရန် စာစစ်ဦးစီးဌာနက တိုက်တွန်းထားပါတယ်။ (NVS 004)