“ယာမယ်နဲ့ မက်ဆီကို နှိုင်းယှဉ်တာဟာ အမှားတစ်ခုလို့ ဒယ်လာဖွန်တေ သုံးသပ်”

22 Jun

စပိန်အသင်းနည်းပြ ဒယ်လာဖွန်တေ က စပိန်လူငယ်ကစားသမား ယာမယ် ကို မက်ဆီ၊ မာရာဒိုနာ တို့လို ကစားသမားတွေနဲ့ နှိုင်းယှဉ်နေတာဟာ အမှားတစ်ခုဖြစ်တယ်လို့ သုံးသပ်ခဲ့ပါတယ်။ ဒယ်လာဖွန်တေ က ယာမယ် ဟာ အသက် ၁၈ နှစ်သာရှိသေးပြီး တိုးတက်မှု၊ ရင့်ကျက်မှုလုပ်ငန်းစဉ်တွေနဲ့ သူ့လမ်းကြောင်းအတိုင်းသာ လျှောက်လှမ်းရမယ်လို့ ဆိုပါတယ်။ ယာမယ် အနေနဲ့ လတ်တလောမှာ ဧပြီလက ရရှိခဲ့တဲ့ ကြွက်သားဒဏ်ရာ နောက်ဆက်တွဲအနေနဲ့ ကြံ့ခိုင်မှုပြဿနာရှိနေခဲ့ပါတယ်။ ယာမယ် ကိုယ်တိုင်ကလည်း မိနစ် ၉၀ ပြည့် ကစားနိုင်ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ဝန်ခံထားပါတယ်။ (NVS 008)

22 Jun

ADVERTISE HERE .