“ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြန်လည်ကစားနိုင်ဖို့ မသေချာတဲ့ ရာဖင်ညာ”

22 Jun

ဘရာဇီးလ်တိုက်စစ်ကစားသမား ရာဖင်ညာ ဟာ တံကောက်ကြောဒဏ်ရာနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြန်ကစားနိုင်ဖို့ မသေချာတဲ့အနေအထား ရှိနေပါတယ်။ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်(CBF)က အသင်းဆေးအဖွဲ့အနေနဲ့ ရာဖင်ညာ ကို ကမ္ဘာ့ဖလားမှာ ပြန်ကစား နိုင်ရေးကုသနေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်အရ ရာဖင်ညာ အနေနဲ့ ဘယ်အချိန်လောက်အထိ အနားယူရမလဲဆိုတာကို ဖော်ပြနိုင်ခြင်းမရှိသေးဘူးလို သိရပါတယ်။ ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ဖလားမစခင်လေးမှာလည်း နောက်ခံလူ ဝက်စလေ ပေါင်ဒဏ်ရာရရှိခဲ့လို့ လက်လွှတ်ခဲ့ရပြီး ယင်းမတိုင်ခင် တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ရိုဒရီဂို နဲ့ အီစတယ်ဗို၊ နောက်ခံလူ မီလီတို တို့လည်း ဒဏ်ရာတွေနဲ့ပြိုင်ပွဲကို လွဲချော်ခဲ့ရပါတယ်။ နည်းပြ အန်ဆယ်လော့တီ က အုပ်စုနောက်ဆုံးပွဲမှာ နေမာ ပါဝင်လာနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။ (NVS 008)

22 Jun

ADVERTISE HERE .