“လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ မြန်မာ- ရုရှား- ဘယ်လာရုစ် ဆွေးနွေး”
22 Jun
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ က ဘယ်လာရုစ်နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Igor SERGEYENKO နှင့် ရုရှားနိုင်ငံဒူးမားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Vyacheslav Volodin တို့၏ ဖိတ်ကြားချက် အရ 2nd International Forum of the Union State “Great Heritage – Common Future” ဖိုရမ်သို့ တက်ရောက်ရန် ဇွန်လ ၁၉ ရက်က သွားရောက်ခဲ့ပါတယ်။ အဲဒီနောက် လေကြောင်းခရီးနဲ့ ဆက်လက်ထွက်ခွာရာ ရုရှားနိုင်ငံမော်စကိုမြို့ Sheremetyevo International Airport သို့ ဒေသစံတော်ချိန် ည ၇ နာရီ ၁၅ မိနစ်တွင် ရောက်ရှိကြပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို ရုရှားနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban Valerievich Karaool နှင့် တာဝန်ရှိသူ များ၊ ဘယ်လာရုစ်နိုင်ငံလွှတ်တော်မှ တာဝန်ရှိသူများ၊ ရုရှားနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ သံအမတ်ကြီး ဦးမျိုးမိုးအောင်နှင့် သံရုံးဝန်ထမ်းများက လေဆိပ်တွင် တွေ့ဆုံခဲ့ခြင်းလည်း ဖြစ်ပါတယ်။ လေဆိပ်သီးသန့်နားနေခန်းတွင် မြန်မာ-ရုရှား-ဘယ်လာရုစ် နိုင်ငံများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ ကိစ္စရပ်များ၊ လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ လွှတ်တော်ချစ်ကြည်ရေးအသင်းများ ဖွဲ့စည်း၍ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။ (NVS 004)