“မင်းဘူးမြို့မှာ စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ပြုလုပ်”

22 Jun

မင်းဘူးမြို့မှာ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ကျင်းပခဲ့ကြောင်း သိရပါတယ်။ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို မင်းဘူးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ခြင်းလည်း ဖြစ်ပါတယ်။ အဆိုပါပွဲတော်မှာ ကာယစွမ်းရည်ပြိုင်ပွဲများဖြစ်တဲ့ ခါးလှည့်ကွင်း၊ ကွန်ပျူတာဉာဏ်စမ်း၊ စကားပုံဆက်၊ အရုပ်ကွင်းစွပ်၊ ဆန်ကောရွက်နှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံပြဘုတ်များ၊ စာအုပ်အရောင်းဆိုင်များနှင့်ဌာနဆိုင်ရာ ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးကာ ကျောင်းသား၊ကျောင်းသူများကို အာဟာရဖြည့်အစားအစာနှင့် ဂုဏ်ပြု လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ ယခုကျင်းပတဲ့ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး နှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်က ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှာ မကွေးတိုင်းဒေသကြီးအတွင်း ပထမဆုံးကျင်းပတဲ့ ပွဲတော်ဖြစ်ပြီး မင်းဘူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူ ၂,၀၀၀ ခန့် ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရပါတယ်။ (NVS 004)

22 Jun

ADVERTISE HERE .