“ဇွန်လ ၂၁ ရက်မှစတင်၍ ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၀ ခုမှာ မိုးထစ်ချုန်း ရွာသွန်းနိုင်”

22 Jun

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇွန်လ ၂၁ ရက်ကထုတ်ပြန်တဲ့ ထုတ်ပြန်ချက်အရ ဇွန်လ တတိယ ၁၀ ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်အရ ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခုမှာ လကုန်ရက်အထိ မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရပါတယ်။ ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်း(အထက်ပိုင်း)၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးများ၊ ကချင်၊ ကရင်၊ မွန်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)တို့မှာ ၈ ရက်မှ ၁၀ ရက်ခန့် မိုးထစ်ချုန်း ရွာသွန်းနိုင် ကြောင်း သိရပါတယ်။ ဒါ့အပြင် နေပြည်တော်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ ကယား၊ ချင်း နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှာ ၆ ရက်မှ ၈ ရက်ခန့် မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရပါတယ်။ ထို့အတူ ဇွန်လ တတိယ ၁၀ ရက်ပတ်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်း ၁ ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း သိရပါတယ်။ (NVS 004)

22 Jun

ADVERTISE HERE .