“မုံရွာမြို့မှာ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ချင်းတွင်းမြစ်တာဘောင်ကြံ့ခိုင်ရန် ပြုလုပ်ထား”

22 Jun

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ချင်းတွင်းမြစ်တာဘောင်များ ကြံ့ခိုင်မှုရှိစေရန် ပြုလုပ်ထားကြောင်း သိရပါတယ်။ မုံရွာမြို့မှာ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ရေထိန်းတာဘောင်များကြံ့ခိုင်မှုရှိရန် ဆောင်ရွက်ထား ရှိပြီး အမြန်ရေယာဉ် Speed Boat များကိုလည်း ကြိုတင်စီမံထားကာ ကယ်ဆယ်ရေးလုပ်ငန်းများကို ဇာတ်တိုက် လေ့ကျင့်မှုများပြုလုပ်လျက်ရှိပြီး ရေဝင်ရောက်နိုင်တဲ့နေရာများကို သဲအိတ်များနဲ့ကာရံထားပါတယ်။ အခုလိုဆောင်ရွက်ထားရှိမှုများကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဦးကိုလေးက ဇွန်လ ၂၀ ရက်မှာ ကြည့်ရှု စစ်ဆေးပြီး ချင်းတွင်းမြစ်ရေကြီးချိန်အတွင်း သက်ဆိုင်ရာများ၊ ဌာနများအလိုက် ရှာဖွေကယ်ဆယ်ရေးနှင့် အသက်ကယ်ပစ္စည်းများ ပြည့်စုံလုံလောက်မှုရှိစေရေး၊ ရေထိန်းတာဘောင်များ ကြံ့ခိုင်မှုရှိစေရေးအတွက် စနစ်တကျ ကြိုတင်ပြင်ဆင်ထားရေးတို့ကို မှာကြားခဲ့ကြောင်း သိရပါတယ်။ (NVS 004)

22 Jun

ADVERTISE HERE .