“တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီပြောင်းလဲခန့်အပ်”

22 Jun

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်မှူးကြီးရန်ကြီးအောင်ကို တနင်္သာရီတိုင်းဒေကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ၅၇/ ၂၀၂၆ ဖြင့် ဇွန်လ ၂၁ ရက်ကထုတ်ပြန်ခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၂)၊ ပုဒ်မခွဲ(ခ)၊ (င)၊ (စ)၊ ပုဒ်မ ၂၆၄၊ ပုဒ်မခွဲ(ဂ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မ ၈၂၊ ပုဒ်မခွဲ(ဂ)နှင့်တိုင်း(သို့)ပြည်နယ်အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၂)၊ ပုဒ်မခွဲ(ခ)၊ (စ)၊ (ဆ)၊ ပုဒ်မ ၅၆၊ ပုဒ်မခွဲ(က)တို့အရ ခန့်အပ်တာဝန်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေ သော ဗိုလ်မှူးကြီးသိန်းဇော်မြင့်ကို စစ်ဘက်မူလတာဝန်များကို ပြန်လည်ထမ်းဆောင်စေခဲ့တယ်လို့ နိုင်ငံတော် သမ္မတရုံး၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ (NVS 004)

22 Jun

ADVERTISE HERE .