“၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်ပြီးဆုံးရန် တစ်ပွဲအလိုတွင် တူကီယဲအသင်း အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရပြီး ပထမဆုံးထွက်ခွာခဲ့ရသည့်အသင်း ဖြစ်လာ”

21 Jun

၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အုပ်စုဒုတိယပွဲစဉ်တွင် တူကီယဲအသင်းက ပါရာဂွေးအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် အုပ်စုပွဲစဉ်ပြီးဆုံးရန် တစ်ပွဲအလိုတွင် အုပ်စုအဆင့်မှထွက်ခွာခဲ့ရပြီး ပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ပထမဆုံးထွက်ခွာခဲ့ရသည့်အသင်း ဖြစ်လာခဲ့ကြောင်း B/R Football သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုဒုတိယပွဲစဉ်အဖြစ် ကစားခဲ့သည့် တူကီယဲနှင့် ပါရာဂွေးအသင်းတို့ပွဲစဉ်တွင် တူကီယဲအသင်းက ရှုံးထွက်အဆင့်သို့တက်ရောက်ရန် မဖြစ်မနေ အနိုင်ရလဒ်လိုအပ်ခဲ့သော်လည်း တစ်ဂိုး၊ ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့တာကြောင့် အုပ်စုနှစ်ပွဲ ကစားပြီးချိန်မှာ အုပ်စုအဆင့်မှပင် ပြိုင်ပွဲမှထွက်ခွာခဲ့ရခြင်း ဖြစ်ပါတယ်။ တူကီယဲအသင်းအနေနဲ့ အုပ်စုနှစ်ပွဲကစားပြီးချိန်တွင် နှစ်ပွဲလုံးရှုံးနိမ့်ခဲ့တဲ့အတွက် အုပ်စုပွဲစဉ်အဖြစ် တစ်ပွဲကစားရန် ကျန်ရှိနေသေးသော်လည်း ပြိုင်ပွဲမှထွက်ခွာခဲ့ရတော့မှာဖြစ်ပါတယ်။ တူကီယဲအသင်းက ၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဇွန်လ ၂၆ ရက်တွင် အုပ်စုပထမနေရာ၌ ရပ်တည်နေသည့် အိမ်ရှင်အမေရိကန်အသင်းနှင့် ကစားသွားရမှာဖြစ်ပါတယ်။(NVS 008)

21 Jun

ADVERTISE HERE .