“မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသည့် ခါမ်းပါတ်မြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်”

21 Jun

စစ်ကိုင်းတိုင်းဒေသကြီး၊ ခါမ်းပါတ်မြို့ကို တပ်မတော်စစ်ကြောင်းများက ဇွန်လ ၂၀ ရက်တွင် ပြန်လည် ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရပါတယ်။ တပ်မတော်စစ်ကြောင်းများက ကလေး-တမူးလမ်းကြောင်းအား အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ရေး အတွက် လမ်းကြောင်းတစ်လျှောက်ရှိ မြို့ရွာများအား ဇွန်လ ၇ ရက်မှစ၍ နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဇွန်လ ၂၀ ရက်တွင် ခါမ်းပတ်မြို့ကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ပါတယ်။ PDF အမည်ခံ အကြမ်းဖက်သမားများက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်တွင် ယာယီစိုးမိုးကာ ဒေသခံတိုင်းရင်သားပြည်သူများအား လူသားတံတိုင်းပြုလုပ်ကာ မြို့အား စစ်ခန်းအဖြစ် အခိုင်အမာခံစစ်ပြုလုပ်ခဲ့ ခြင်းကြောင်း နှစ်နိုင်ငံကုန်စည်စီဆင်းမှုမရှိတော့ဘဲ ဖြစ်ပေါ်နေခဲ့ပါတယ်။ ယခုအခါ တပ်မတော်စစ်ကြောင်းများက ခါမ်းပတ်မြို့အပါအဝင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့် မြို့ရွာများ၌ ဒေသခံပြည်သူများ အမြန်ဆုံးပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေးအတွက် အကြမ်းဖက်သမားများကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် အပျက်အစီးများအား ဖယ်ရှားရှင်းလင်းခြင်း၊ လမ်းတံတားများပြုပြင်ခြင်းနှင့် မိုင်းရှင်းလင်းခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒါ့အပြင် ကလေး-တမူးလမ်းကြောင်းအား အမြန်ဆုံး ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေးအား အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။(NVS 004)

21 Jun

ADVERTISE HERE .