“ဟေတီကို ဂိုးပြတ်နိုင်ခဲ့တဲ့ ဘရာဇီးအသင်း”
20 Jun
အုပ်စုအဖွင့်ပွဲစဉ်မှာ မော်ရိုကိုအသင်းကို သရေရလဒ်ရရှိခဲ့လို့ အသင်းရဲ့စွမ်းဆောင်ရည်ကို ဝေဖန်ခံခဲ့ရတဲ့ ဘရာဇီးလ်အသင်းက ဟေတီအသင်းနဲ့ပွဲမှာ တိုက်စစ်မြှင့်တင်အစွမ်းပြပြီး ဂိုးပြတ်ရလဒ်နဲ့ နိုင်ပွဲရရှိခဲ့ပါတယ်။ ဘရာဇီးလ်အသင်းရဲ့တိုက်စစ်ကို ကွန်ညာ၊ ရာဖင်ညာ၊ ဗင်နီစီယက်စ် တို့နဲ့ ဦးဆောင်လာခဲ့ပြီး ပထမပိုင်းမှာပဲ သုံးဂိုးလုံးကို သွင်းယူနိုင်ခဲ့ပါတယ်။ ဘရာဇီးလ်အသင်း သွင်းယူနိုင်ခဲ့တဲ့ သုံးဂိုးလုံးက ဗင်နီစီယက်စ် ရဲ့စွမ်းဆောင်မှုတွေ ပါဝင်ခဲ့ပါတယ်။ ပထမဂိုးက ဗင်နီစီယက်စ် ကန်သွင်းပြီး ပြန်ထွက်လာတာကို ကွန်ညာ က သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ကွန်ညာ ထပ်မံသွင်းယူနိုင်ခဲ့တဲ့ ဒုတိယဂိုးကလည်း ဗင်နီစီယက်စ် ရဲ့ ဖန်တီးပေးမှုမှတစ်ဆင့် ရရှိခဲ့တာဖြစ်တယ်။ ပထမပိုင်း နာကျင်အချိန်ပိုမှာ ဗင်နီစီယက်စ် က တတိယဂိုးကို သွင်းယူနိုင်ခဲ့လို့ ဘရာဇီးအသင်းအတွက် အနိုင်ရလဒ်က ပိုမိုသေချာခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဟေတီအသင်းရဲ့ တိုက်စစ်ကစားပုံ မြှင့်တင်ခဲ့ပေမယ့် ဘရာဇီးအသင်းက ဟန့်တား နိုင်ခဲ့လို့ ပွဲအပြီးမှာ ဘရာဇီးအသင်းက သုံးဂိုး၊ ဂိုးမရှိရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။(NVS 008)