“NSPNC နှင့် UWSP တို့ ငြိမ်းချမ်းရေးအတွက်တွေ့ဆုံ၊ နိုင်ငံရေးရည်မှန်းချက်များ ထားရှိဖော်ဆောင်နိုင်ရေး ဆွေးနွေး”
20 Junအမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ(NSPNC)ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) ဒုတိယ ဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တို့ ဇွန်လ ၁၈ ရက်တွင် ရှမ်းပြည်နယ်၊ ပန်ဆန်းမြို့၌ တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။ တွေ့ဆုံစဥ်မှာ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် က ငြိမ်းချမ်းရေးကော်မတီ(၃)ရပ် ဖွဲ့စည်းထားမှု၊ ငြိမ်းချမ်းရေး ဖိတ်ခေါ်ခဲ့မှု၊ ရှေ့ဆက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြားခဲ့ပါတယ်။ UWSP ဒုတိယဥက္ကဋ္ဌက အဖွဲ့အစည်း၏ ရပ်တည်ချက်နှင့် သဘောထားများ၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးကို အစဉ်တစိုက်ထိန်းသိမ်းဆောင်ရွက်နေမှု၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ပြည်ထောင်စုအစိုးရသစ်၏ ဦးဆောင်မှုအောက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပြည်သူ့ နေထိုင်မှုဘဝတည်ဆောက်ရေးကို ရှေ့ဆက်တိုးမြှင့်ဆောင်ရွက်လိုမှု၊ နိုင်ငံရေးတွေ့ ဆုံဆွေးနွေးမှုဖြင့် သဘောထား ကွဲလွဲမှုများကိုဖြေရှင်းနိုင်ရေး၊ ဒေသဆိုင်ရာများအား ဆွေးနွေးပြောကြားခဲ့ပါတယ်။ ထို့နောက် နှစ်ဖက်အဖွဲ့များက လက်ရှိနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု၊ ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်နေမှု၊ နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ လက်ရှိအခြေအနေထက် ပိုမိုသာလွန်ကောင်းမွန်သည့် နိုင်ငံရေး ရည်မှန်းချက်များ ထားရှိဖော်ဆောင်နိုင်ရေးတို့ကို ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရပါတယ်။(NVS 004)