“PDF အဖွဲ့ဝင် အမျိုးသား ၃၃၈ ဦးနှင့် အမျိုးသမီး ၃၈ ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်”

20 Jun

လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင် အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်မှုများအရ PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၃၃၈ ဦးနှင့် အမျိုးသမီး ၃၈ ဦး၊ စုစုပေါင်း ၃၇၆ ဦးတို့က ဇွန်လ ၁၉ ရက်တွင် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်ခဲ့ကြောင်း သိရပါတယ်။ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာခဲ့ကြသူများနှင့်အတူ မောင်းပြန်ရိုင်ဖယ် ၂၄ လက်၊ ပစ္စတိုသေနတ် ၂ လက်၊ လက်လုပ်သေနတ် ၁၂ လက်၊ လက်ပစ်ဗုံး ၅ လုံးနှင့် စကားပြောစက် ၃ လုံးတို့ ပါရှိခဲ့ပြီး အဆိုပါလက်နက်၊ ခဲယမ်းများအတွက် ဆုကြေးနှင့် ထောက်ပံ့ငွေအဖြစ် စုစုပေါင်း ကျပ်သိန်းပေါင်း ၁,၆၆၄ သိန်းကို ပေးအပ်ချီးမြှင့် ခဲ့ပါတယ်။ အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူ ၃၇၆ ဦးကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ရန်အောင်မြင် ခန်းမတွင် ပြုလုပ်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဌေး နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ခဲ့ပါတယ်။ ဥပဒေဘောင်အတွင်း ဝင်ရောက် ခဲ့သူများကို ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်းသိရပါတယ်။(NVS 004)

20 Jun

ADVERTISE HERE .