“ရွေးကောက်ပွဲစီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲရန် တောင်ကိုရီးယားသမ္မတ လီဂျေမြောင် တိုက်တွန်း ပြောကြား”

20 Jun

တောင်ကိုရီးယားနိုင်ငံ၏ ရွေးကောက်ပွဲစီမံခန့်ခွဲမှုစနစ်ကို ကျယ်ကျယ်ပြန့်ပြန့် ပြုပြင်ပြောင်းလဲရန် လိုကြောင်း သမ္မတ လီဂျေမြောင် က ထုတ်ဖော်ပြောကြားခဲ့သည်ဟု Xinhua သတင်းဌာနက ဖော်ပြထားသည်။ ဇွန်လ ၃ ရက်တွင်ကျင်းပခဲ့သည့် ဒေသန္တရရွေးကောက်ပွဲများ၌ ဆန္ဒမဲလက်မှတ်များ ပြတ်လပ်ခဲ့ပြီးနောက် တောင်ကိုရီးယားသမ္မတ လီဂျေမြောင် က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒေသန္တရရွေးကောက်ပွဲများ၌ ဆန္ဒမဲလက်မှတ်များ ပြတ်လပ်မှုနှင့်ပတ်သက်၍ သမ္မတ လီဂျေမြောင် က ရှုတ်ချကြောင်း ဝေဖန်ပြောကြားထား သည်။ သို့ဖြစ်ရာ မိမိတို့အနေဖြင့် တောင်ကိုရီးယားရွေးကောက်ပွဲစနစ်ကို ကျယ်ကျယ်ပြန့်ပြန့်ပြုပြင် ပြောင်းလဲ ရမည်ဖြစ်ကြောင်း သမ္မတ လီဂျေမြောင် က ပြောကြားထားသည်။ ဇွန်လ ၃ ရက် ဒေသန္တရရွေးကောက်ပွဲ၌ ဆန္ဒမဲလက်မှတ် ပြတ်လပ်မှုကြောင့် တောင်ကိုရီးယားနိုင်ငံ၌ ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့သည်။ လက်ရှိတွင် တောင်ကိုရီးယားလွှတ်တော်က ဆန္ဒမဲလက်မှတ် ပြတ်လပ်မှုနှင့်ပတ်သက်၍ အမျိုးသား ရွေးကောက်ပွဲကော်မရှင်ကို စုံစမ်းစစ်ဆေးမှု စတင်နေပြီဖြစ်ကြောင်း သိရသည်။

20 Jun

ADVERTISE HERE .