“အီရန်နှင့် အမေရိကန်နိုင်ငံတို့၏ ဘာဂျင်စတော့ခ်ဆွေးနွေးပွဲဖျက်သိမ်း”

20 Jun

အီရန်ပဋိပက္ခကို အဆုံးသတ်ပေးမည့် သဘောတူညီချက် ရယူရေးအတွက် အမေရိကန်နှင့် အီရန် နှစ်နိုင်ငံ တာဝန်ရှိသူများကြား တွေ့ဆုံဆွေးနွေးမည့်အစီအစဉ်ကို ဖျက်သိမ်းထားကြောင်း ဆွစ်ဇာလန်နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်ဟု RT သတင်းဌာနက ဖော်ပြထားသည်။ အမေရိကန်အစိုးရ တာဝန်ရှိသူများနှင့် အီရန်တာဝန်ရှိသူများသည် ဆွစ်ဇလန်နိုင်ငံ ဘာဂျင်စတော့ခ် တောင်ပေါ်အပန်းဖြေမြို့၌ ဇွန်လ ၁၉ ရက်တွင် ကျင်းပရန်စီစဉ်ထားခြင်းဖြစ်သည်။ သို့ရာတွင် အမေရိကန်နှင့် အီရန်နိုင်ငံတို့၏ ဘာဂျင်စတော့ခ်ဆွေးနွေးပွဲကို ဖျက်သိမ်းထားကြောင်း ဆွစ်ဇာလန်နိုင်ငံ ခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ အီရန်တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရေးအတွက် ဆွစ်ဇာလန်နိုင်ငံသို့ သွားရောက်မည့်အစီအစဉ်ကို အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗင့်စ် က ဖျက်သိမ်းခဲ့ပြီးနောက် ဆွစ်ဇာလန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုပါ သတင်းထုတ်ပြန်ချက် ပေါ်ထွက်လာခြင်းဖြစ်သည်။ ဘာဂျင်စတော့ခ် ဆွေးနွေးပွဲအစီအစဉ် ပျက်ပြားခဲ့ပြီးနောက် အီရန်ပဋိပက္ခပြီးဆုံးရေး သဘောတူညီချက် တစ်ရပ် ရယူရေးအတွက် မရေမရာအခြေအနေများ ပေါ်ထွက်လာခဲ့သည်။ အမေရိကန်နှင့် အီရန်နိုင်ငံတို့သည် ဇွန်လ ၁၈ ရက်တွင် သုံးလကျော်ကြာ အီရန်ပဋိပက္ခပြီးဆုံးရေး ယာယီသဘောတူညီချက်တစ်ရပ်ကို ရယူ ထားကြောင်းသိရသည်။

20 Jun

ADVERTISE HERE .