“အိုဆာဆူနာတောင်ပံကစားသမား မူနော့ဇ် ကို ခေါ်ယူဖို့ နီးစပ်နေတဲ့ လီဗာပူးလ်အသင်း”
19 Jun
လီဗာပူးလ်အသင်းဟာ အိုဆာဆူနာအသင်းက စပိန်တောင်ပံကစားသမား ဗစ်တာမူနော့ဇ် ကို ခေါ်ယူဖို့ နီးစပ်နေပါတယ်။ လီဗာပူးလ်အသင်းအနေနဲ့ မူနော့ဇ် ရဲ့ပြောင်းရွှေ့ကြေးအတွက် စာချုပ်လျော်ကြေးပမာဏအတိုင်း ယူရို သန်း ၄၀ ပေးချေရဖို့ရှိနေပါတယ်။ မူနော့ဇ် ဟာ လက်ရှိမှာ စပိန်အသင်းနဲ့အတူကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်နေပါတယ်။ မူနော့ဇ်ဟာ ပြီးခဲ့တဲ့မတ်လကမှ လက်ရွေးစင်အသင်းမှာ ပွဲဦးထွက်ခဲ့ရပြီး တောင်ပံနှစ်ဖက်စလုံးမှာ ကစားနိုင်သူလည်း ဖြစ်ပါတယ်။ မူနော့ဇ် ဟာ လီဗာပူးလ်အသင်းနဲ့ ခြောက်နှစ်စာချုပ် ချုပ်ဆိုဖို့လည်း ရှိနေပါတယ်။ လီဗာပူးလ်အသင်း ဟာ မူနော့ဇ် ရဲ့ပြောင်းရွှေ့ကြေးကို နှစ်ရစ်ခွဲကာ ပေးချေမှာဖြစ်ပြီး နယူးကာဆယ်အသင်းကို လက်ဦးမှုရယူကာ ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ (NVS 008)
19 Jun