“ကိုနာတေးကို လေးနှစ်စာချုပ် ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိခဲ့တဲ့ ရီးရဲလ်အသင်း”

19 Jun

ရီးရဲလ်အသင်းက လီဗာပူးလ်အသင်းကနေ ထွက်ခွာခဲ့တဲ့ ပြင်သစ်နောက်ခံလူ ကိုနာတေး ကို လေးနှစ်စာချုပ် ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ် ကိုနာတေး အနေနဲ့ ဇွန်လကုန်မှာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ထွက်ခွာခွင့် ရရှိထားပါတယ်။ ကိုနာတေး ဟာ လီဗာပူးလ်အသင်းနဲ့ စာချုပ်ဆက်လက်ချုပ်ဆိုဖို့ ဆွေးနွေးခဲ့ပေမယ့် သဘောတူညီမှု မရရှိခဲ့လို့ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားယှဉ်ပြိုင်နေတဲ့ ကိုနာတေး ဟာ လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၈၃ ပွဲကစားခဲ့ပြီး ပရီးမီးယားလိဂ်၊ FAဖလားနဲ့ လိဂ်ဖလား နှစ်ကြိမ် ဆွတ်ခူးခဲ့ပါတယ်။ ပရီးမီးယားလိဂ်က ဘာနာဒိုဆေးလ်ဗား၊ ကူကူရယ်လာတို့ဟာ ဒီနွေရာသီမှာ ဘာနေဗျူးကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။ (NVS 008)

19 Jun

ADVERTISE HERE .