“သီပေါမြို့ရှိ ကွန်ကရစ်ဇလီဖားစက်ရုံ ပြန်လည်ပြုပြင်နေ”
19 Jun
သီပေါမြို့ရှိ ကွန်ကရစ်ဇလီဖားစက်ရုံ ပြန်လည်ပြုပြင်မှုများဆောင်ရွက်လျက်ရှိပြီး အဆိုပါစက်ရုံပြီးစီးသွား ပါက တစ်လကို ကွန်ကရစ်ဇလီဖားတုံး ၆,၂၄၀ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး မန္တလေး-လားရှိုးလမ်းပိုင်း ပိုမိုတောင့်တင်း ကြံ့ခိုင်စေရန် လိုအပ်သည့်နေရာများတွင် အစားထိုးဖြည့်တင်းသွားမည်ဖြစ်ကြောင်း သိရပါတယ်။ စက်ရုံပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိတဲ့ ကွန်ကရစ်ဇလီဖား Mould နှင့် ဆက်စပ်ပစ္စည်းများ ပြုပြင်ခြင်း လုပ်ငန်း၊ စက်ရုံအတွင်း ရထားလမ်းပြုပြင်ခြင်းလုပ်ငန်း၊ Traverser ကရိန်းပြုပြင်ခြင်းလုပ်ငန်း၊ ကွန်ကရစ်ဖျော်စက် ပြုပြင်ခြင်းလုပ်ငန်းနှင့် ဓာတ်အားခွဲရုံပိုင်းဆိုင်ရာ ပြုပြင်ခြင်းလုပ်ငန်းများကို ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး က သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရပါတယ်။ အဲဒီနောက် နောင်ပိန်ဘူတာအနီး ရထားလမ်းကူးနေရာမှ RBE ရထားနဲ့ ရထားလမ်းကြံ့ခိုင်မှုအခြေအနေ၊ နောင်ချိုမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ဂုတ်ထိပ်တံတားကြံ့ခိုင်မှု၊ တံတားကြီး၏ အောက်ခြေတိုင်များကို ခြံစည်းရိုး ကာရံထားမှု၊ ဂုတ်ထိပ်ဘူတာအား သန့်ရှင်းသပ်ရပ်စွာ ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ (NVS 004)