“စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှာ စီးပွားရေး၊ကူးသန်းရောင်းဝယ်ရေးနှင့် စည်ပင်သာယာရေးဆိုင်ရာ ကော်မတီဖွဲ့စည်း”
19 Jun
တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး နဝမနေ့ကို ဇွန်လ ၁၇ ရက် နံနက်ပိုင်းက ကျင်းပခဲ့ပြီး စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စည်ပင်သာယာရေးဆိုင်ရာကော်မတီ ဖွဲ့စည်းခဲ့ကြောင်း သိရပါတယ်။ အဆိုပါကော်မတီ၏ ဥက္ကဋ္ဌအဖြစ် ကန့်ဘလူမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁) ဦးသက်ကိုကိုကျော်၊ အတွင်းရေးမှူး(၁)အဖြစ် ကသာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁) ဒေါ်အေးအေးသန့်၊ အတွင်းရေးမှူး(၂)အဖြစ် ဟုမ္မလင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးစိုင်းစံလှစိုးတို့အပါအဝင် ၁၁ ဦးဖြင့်ဖွဲ့စည်းခဲ့ကာ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို လွှတ်တော်က သဘောတူအတည်ပြုခဲ့ကြောင်း သိရပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီကို အဖွဲ့ဝင် ၁၁ ဦးနဲ့ ဖွဲ့စည်းရန်လည်း လွှတ်တော်သို့တင်ပြခဲ့ကြောင်း သိရပါတယ်။ (NVS 004)