“နိုင်ငံတော်အစိုးရကထောက်ပံ့တဲ့ ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများ ဖလမ်းမြို့သို့ ရောက်ရှိ”

19 Jun

နယ်မြေတည်ငြိမ်အေးချမ်းလာပြီဖြစ်သော ချင်းပြည်နယ်၊ ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးအတွက် ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများကို နိုင်ငံတော်အစိုးရက မော်တော်ယာဥ်များဖြင့် ဆက်လက်ပေးပို့လျက် ရှိကြောင်း သိရပါတယ်။ အခုလိုပေးပို့လျက်ရှိရာ ဇွန်လ ၁၇ ရက်ညပိုင်းကလည်း ကလေးမြို့မှတစ်ဆင့် မော်တော်ယာဥ်များနဲ့ သယ်ဆောင်လာသော ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများက ဖလမ်းမြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများမှာ ဆန်အိတ် ၂၅ တန်၊ ဆီ ၃၇၁ ပုံး၊ သွပ် ၂,၁၅၀ ချပ် ၁၀ တန်၊ သံ ၉ ဖာ၊ ဝါရှာ ၁ ထုပ်၊ ဘိလပ်မြေ ၁၃၀ အိတ် ၆ ဒသမ ၅ တန်၊ ဆေးရုံသုံးပစ္စည်း ၁၀ တန်၊ ကျောင်းသုံး စာအုပ် ၃၈၂ ထုပ် ၁၅ တန်ပါဝင်ကြောင်း သိရပါတယ်။ (NVS 004)

19 Jun

ADVERTISE HERE .