“ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီးမှာ မျက်စိအတွင်းတိမ်လူနာများကို အခမဲ့စမ်းသပ်ခွဲစိတ်ကုသပေးမည်”

19 Jun

ကျန်းမာရေးဝန်ကြီးဌာန၊ ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီးမှာ မျက်စိအတွင်းတိမ်လူနာများကို အခမဲ့စမ်းသပ်ခွဲ စိတ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ပုသိမ်မြို့နယ်ရှိဒေသခံများနှင့် အနီးဝန်းကျင်ဒေသများမှ မျက်စိအတွင်းတိမ်လူနာ ၁၅၀ ဦးကို မျက်စိအထူးကုဆရာဝန်ကြီးများက အခမဲ့စမ်းသပ်ခွဲစိတ် ကုသပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အတွင်းတိမ်လူနာများ စမ်းသပ်စစ်ဆေးခြင်းကို ဇွန်လ ၂၂ ရက်မှ ၂၄ ရက်အထိ၊ အတွင်းတိမ်လူနာများ ခွဲစိတ်ကုသခြင်းကို ဇွန် ၂၅ ရက်မှ ၂၈ ရက်အထိပြုလုပ်သွားမည်ဖြစ်ရာ ကုသမှုခံယူလိုသူများအနေဖြင့် ဇွန်လ ၁၈ ရက် မှစ၍ ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီး၏ ဧည့်ကြိုဌာနမှာ စာရင်းပေးသွင်းနိုင်ကြောင်း သိရပါတယ်။ (NVS 004)

19 Jun

ADVERTISE HERE .