“ဟော်မုရေလက်ကြား၌ မိုင်းရှင်းလင်းရန် ဂျာမနီက စစ်ရေယာဉ်နှစ်စင်းကို စေလွှတ်”
19 Jun
ဂျာမနီနိုင်ငံက ဟော်မုရေလက်ကြား၌ ရေမြှုပ်မိုင်းရှင်းလင်းရေးလုပ်ငန်းများလုပ်ဆောင်ရန် ကြိုတင် ပြင်ဆင်သည့်အနေဖြင့် ပင်လယ်နီအတွင်းသို့ စစ်ရေယာဉ်နှစ်စင်းကို စေလွှတ်လိုက်ပြီဖြစ်ကြောင်း ဂျာမနီ ကာကွယ်ရေးဝန်ကြီး ဘိုးရစ်ပစ္စတိုးရီးယပ် က ဇွန်လ ၁၈ ရက်တွင်ပြောသည်။ ဂျာမနီနိုင်ငံသည် မိုင်းရှင်းရေယာဉ် တစ်စင်းနှင့် ထောက်ပံ့ရေးရေယာဉ်တစ်စင်းကို ပင်လယ်နီဒေသသို့စေလွှတ်လိုက်ခြင်း ဖြစ်သည်။ အဆိုပါရေယာဉ်များသည် စူးအက်တူးမြောင်းကို ဖြတ်သန်းသွားပြီဖြစ်ကြောင်း NATO တပ်ဖွဲ့၏ ကာကွယ် ရေးဝန်ကြီးများ အစည်းအဝေးမတိုင်မီ ဂျာမနီကာကွယ်ရေးဝန်ကြီးက ပြောခြင်းဖြစ်သည်။ ဟော်မုရေလက်ကြား ပြန်လည်ဖွင့်လှစ်ချိန်တွင် ထိုရေလက်ကြား၌ မိုင်းရှင်းလင်းရေးလုပ်ငန်းလုပ်ဆောင်ရန် လိုအပ်ခြင်း ရှိ၊ မရှိ ယခုအချိန်ထိ မသိရသေးကြောင်း ၎င်းက ဆက်ပြောထားသည်ဟု ဆင်ဟွာ သတင်းဌာနဖော်ပြချက်အရ သိရ သည်။
19 Jun