“နျူကလီးယားလက်နက်များက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေးအတွက်ဖြစ်ဟု ကင်ယိုဂျုံ တုံ့ပြန်”

19 Jun

မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားလက်နက်သည် နိုင်ငံ၏ပင်မမဏ္ဍိုင် အကျိုးစီးပွားဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေးအတွက်ဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအန်၏ညီမ ဖြစ်သည့် ကင်ယိုဂျုံ က ဇွန်လ ၁၈ ရက်တွင် ပြောသည်။ G7 နိုင်ငံများမှခေါင်းဆောင်များသည် ပြင်သစ်နိုင်ငံ၌ တွေ့ဆုံဆွေးနွေးပြီးနောက် ပူးတွဲကြေညာချက်ထုတ်ပြန်ရာ၌ ၎င်းတို့အနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များအရ မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားလက်နက်များဖျက်သိမ်းရေးကို ဆက်လက် လုပ်ဆောင်သွားမည်ဟုထည့်သွင်းဖော်ပြထားသည်။ ယင်းနောက် မြောက်ကိုရီးယားနိုင်ငံ၏နျူကလီးယားလက်နက်များကို ဖျက်သိမ်းရေး လုပ်ဆောင်ချက် သည် မည်သည့်အခါမျှ ဖြစ်လာနိုင်ခြင်းမရှိသည့် အစီအစဉ်တစ်ခုသာဖြစ်ကြောင်း ကင်ယိုဂျုံက တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။ ထို့ပြင်နျူကလီးယားလက်နက်များသည် အချုပ်အခြာအာဏာကိုကာကွယ်ရေးနှင့် ငြိမ်းချမ်းရေး ထိန်းသိမ်းရေး အချိုးအကွေ့တို့အတွက် မြောက်ကိုရီးယားနိုင်ငံဥပဒေက သတ်မှတ်ထားသော အင်အားကြီးမားလှ သည့် နည်းလမ်းများသာဖြစ်ကြောင်း ကင်ယိုဂျုံက ပြောထားသည်ဟု သိရကြောင်း Yonhap သတင်းဌာနဖော်ပြ ချက်အရ သိရသည်။

19 Jun

ADVERTISE HERE .